အသက် ၃ နှစ်အရွယ် ကင်ဆာရောဂါသည်လေးကို မီးသတ်သမားတွေက သူ့စိတ်ကူးအိမ်မက်မွေးနေ့လေး ကျင်းပဆင်နွှဲပေးခဲ့

3.1.2025-yyl-5.jpg

ကင်ဆာရောဂါခံစားနေရတဲ့ အသက် ၃ နှစ်အရွယ်ကလေးငယ်လေးဟာ နိုင်ငံအတွင်းက မီးသတ်သမားတွေရဲ့ရက်ရောမှုကြောင့် သူ့စိတ်ကူးအိပ်မက်မွေးနေ့ကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ ဘက်ခမ်း ဘော့တ်ဆိုတဲ့ အဲ့ဒီကလေးငယ်လေးဟာ အသက် ၁ နှစ်ဝန်းကျင်ကတည်းက သူ့ရပ်ကွက်ထဲမှာ မီးသတ်ကားတစ်စီးကို မြင်ပြီးတော့ မီးသတ်ကားတွေကို သဘောကျနှစ်သက်ခဲ့တာပါ။

အသက် ၁ နှစ်လောက်က စကားမပြောတတ်သေးပေမဲ့ မီးသတ်ကားတွေမြင်ပြီး လက်ညှိုးထိုးပြလေ့ရှိပါတယ်။

ဘက်ခမ်းရဲ့မီးငြှိမ်းသတ်ခြင်းအပေါ် ချစ်မြတ်နိုးမှုကတော့ အာကစားယူနီဖောင်းတွေဝတ်ဆင်လာတာနဲ့အမျှ မီးသတ်ကားအရုပ်တိုင်း စုဆောင်းမိလာတာနဲ့အမျှ တိုးလာခဲ့တာပါ။

Neuroblastoma(နုပျိုတဲ့အာရုံကြောဆဲလ်တွေကနေ ပေါက်ဖွားလာတဲ့ ကင်ဆာရောဂါဖြစ်ပြီး ငယ်ရွယ်တဲ့ကလေးတွေကို အများဆုံးထိခိုက်စေနိုင်) လို့ခေါ်တဲ့ ရှားပါးကင်ဆာရောဂါတစ်မျိုးကို ဘက်ခမ်း မွေးကတည်းကပါလာခဲ့တာပါ။ သူ မွေးဖွားတော့ အထူးကြပ်မတ်ကုသဆောင်မှာ ကုန်ဆုံးခဲ့ရပြီး အဲ့ဒီကတည်းက ဆေးရုံကို ခဏခဏလာရောက်ခဲ့ရပါတယ်။

ဘက်ခမ်းရဲ့အမေ မက်ကန်နာက သူ့သားရဲ့အသက် ၃ နှစ်ပြည့်ကို မှတ်မှတ်ရရဖြစ်သွားအောင် နိုင်ငံတစ်ဝှမ်းက မီးသတ်သမားတွေကို မွေးနေ့ဆုတောင်းဗီဒီယိုပို့ပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတစ်ဝှမ်းက မီးသတ်သမားတွေကလည်း ရင်ထဲထိစေတဲ့မွေးနေ့ဆုတောင်းတွေပေးပို့ကြတဲ့အပြင် မီးသတ်ဌာနတွေကို လာလည်ဖို့လည်း ဖိတ်ခေါ်ခဲ့ပါတယ်။

Phoenix firehouses ကလည်း ဘက်ခမ်းကို ဂုဏ်ပြုတဲ့အနေနဲ့ မွေးနေ့ပွဲလေးစီစဉ်ပေးခဲ့ပါတယ်။ အဲ့ဒီပွဲမှာ ဘက်ခမ်းက ရေပိုက်နဲ့ ရေဖြန်းတာအပြင် မီးသတ်သမားတွေနဲ့ ထိတွေ့ဆက်ဆံခွင့်ရခဲ့ပါတယ်။

Ref: Firefighters help 3-year-old boy with cancer celebrate his dream birthday

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top