ရောမရဲ့ရှေးဟောင်းအထင်ကရအဆောက်အဦးပေါ် ချစ်သူကောင်မလေးရဲ့နာမည်ရေးမိလို့ ထောင် ၅ နှစ် ချမှတ်ခံရနိုင်ဖွယ်ရှိတဲ့ အမျိုးသား

3.7.23-yyl-14.jpg

အီတလီနိုင်ငံ၊ ရောမမြို့က နှစ်ပေါင်း ၂၀၀၀ နီးပါးရှိတဲ့ ရှေးဟောင်းအထင်ကရအဆောက်အဦး ကိုလော့စီယမ်မှာ ချစ်သူကောင်မလေးရဲ့နာမည်ကို ထွင်းခဲ့တဲ့ အမျိုးသားတစ်ဦးက ထောင်ဒဏ် ၅ နှစ်ချမှတ်ခံရနိုင်ဖွယ်ရှိတဲ့အတွက် ခွင့်လွှတ်ဖို့ တောင်းပန်ထားရပါတယ်။ အီဗန် ဒီမီဒရိုဗ်ဟာ ရောမမြို့ကို လာလည်ရင်းနဲ့ အခုလိုလုပ်မိခဲ့တာပါ။

ကိုလော့စီယမ်မှာ နာမည်ထွင်းနေတဲ့ အဲဒီအမျိုးသားရဲ့ဗီဒီယိုက လူမှုကွန်ယက်မှာ ပျံ့နှံ့သွားခဲ့ပြီး လူအများအပြားက သူ့ရဲ့လုပ်ရပ်ကြောင့် ဒေါသထွက်ခဲ့ကြပါတယ်။ ကိုလော့စီယမ်က ယူနက်စကိုကမ္ဘာ့အမွေအနှစ်နေရာအဖြစ် စာရင်းသွင်းခံထားရတာကြောင့် အီဗန်က ဒဏ်ငွေ ပေါင် ၁၂၈၅၀ (သို့) ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်ခံရနိုင်တာပါ။

နောက်ပိုင်းမှာ အီတလီအမျိုးသားရဲတပ်ဖွဲ့က အီဗန်တို့စုံတွဲကို ဘူလ်ဂေးရီးယားမှာ ခြေရာခံကာ တွေ့ရှိခဲ့ပါတယ်။ အီဗန်ကို ရဲတပ်ဖွဲ့က စကားပြောတဲ့အချိန် သူ့ရဲ့လုပ်ရပ်တွေအတွက် စိတ်ရင်းမှန်နဲ့ နောင်တရပြီး တောင်းပန်စကားဆိုခဲ့တယ်လို့ အီတလီအမျိုးသားရဲတပ်ဖွဲ့ဝင် ရောဘတ်တို မာတီနာက ဆိုပါတယ်။

အီဗန်က တရားခွင်ရဲ့အကျိုးဆက်တွေကို စိုးရိမ်နေတယ်လို့ ထင်ကြောင်း၊ ထောင်ဒဏ် ၂ နှစ်ကနေ ၅ နှစ်အထိ ချမှတ်နိုင်ပြီး ဒဏ်ငွေလည်းပေးဆောင်ရနိုင်တယ်လို့ ရှင်းပြခဲ့ကြောင်း မာတီနာက ပြောပါတယ်။ “သူ ဘာလို့ အဲဒါကို လုပ်ခဲ့တာလဲဆိုတာကို ကျွန်တော်တို့ မမေးခဲ့ပါဘူး။ ဒီမေးခွန်းကို တရားသူကြီးက ကြားနာသွားရမှာပါ။ သူက သံသယရှိသူဖြစ်ပြီး စုံစမ်းစစ်ဆေးမှုခံယူရမယ်ဆိုတာ ကျွန်တော်တို့ သူကို ပြောခဲ့တယ်”လို့ သူက ဆိုပါတယ်။

Ref: Brit who ‘carved girlfriend’s name’ into Rome’s Colosseum begs for forgiveness as he faces up to five years in jail

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top