ကမ္ဘာကျော်မင်းသား၊ ရုပ်ရှင်ထုတ်လုပ်သူ တွမ်ခရုစ်ဟာ ၂၀၂၆ ခုနှစ် အကယ်ဒမီဆုပေးပွဲ မတိုင်ခင် ဂုဏ်ထူးဆောင်အော်စကာဆုကို လက်ခံရရှိမှာဖြစ်ပါတယ်။ သူ့ကို တစ်သက်တာအောင်မြင်မှုအတွက် ဂုဏ်ထူးဆောင်အော်စကာဆုကို ချီးမြှင့်တာဖြစ်ပါတယ်။ ဒီဆုကို နိုဝင်ဘာမှာ ပြုလုပ်မယ့် ၁၆ ကြိမ်မြောက် Governors Awards မှာ ပေးအပ်သွားမှာပါ။
အသက် ၆၂ နှစ်ရှိပြီဖြစ်တဲ့ တွမ်ခရုစ်က Mission:Impossible နဲ့ Top Gun အက်ရှင်ရုပ်ရှင်တွေနဲ့ ကမ္ဘာ့တစ်ဝှမ်းအောင်မြင်မှုရရှိထားပြီး အော်စကာဆုစာရင်းမှာ ၄ ကြိမ် ဆန်ကာတင်ဝင်ခဲ့ပေမဲ့ အော်စကာဆုကို တစ်ခါမှ မရရှိခဲ့ဖူးပါဘူး။
အသက် ၇၅ နှစ်အရွယ် အမေရိကန်အဆိုတော်သရုပ်ဆောင်မင်းသမီး ဒေါလ်လီ ပါတန်ကလည်း တွမ်ခရုစ်နဲ့အတူ ဆယ်စုနှစ်များစွာကြာ လုပ်လာခဲ့တဲ့ သူ့ရဲ့လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းအတွက် ဂုဏ်ထူးဆောင်အော်စကာဆုကို ရရှိမှာဖြစ်ပါတယ်။
Ref: Tom Cruise to receive an honorary Oscar
WL ( ရိုးရာလေး)