မိဘတွေမှာ ရောဂါလက္ခဏာမပြဘဲ မွေးကင်းစသုံးမြွှာပူးကလေးတွေမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိ

23-6-2020-yyl-012.jpg

မက္ကဆီကိုနိုင်ငံမှာ မွေးဖွားခဲ့တဲ့ သုံးမြွှာပူးကလေးတွေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ မက္ကဆီကိုနိုင်ငံ ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။ အမြွှာပူးကလေးတွေကို မွေးမွေးပြီးချင်း နာရီပိုင်းအတွင်း ဆေးစစ်ရာမှာ ရောဂါပိုးရှိနေတယ်လို့ တွေ့ရှိခဲ့တာပါ။ အမြွှာပူး ၃ ယောက်ထဲမှာ ၂ ယောက်က ကျန်းမာရေးအခြေအနေ တည်ငြိမ်ပေမဲ့ နောက်တစ်ယောက်ကတော့ အသက်ရှူလမ်းကြောင်း ဝေဒနာကို ကုသမှုခံယူနေရပါတယ်။

သူတို့ဟာ အတည်ပြုလူနာတစ်ဦးတစ်ယောက်နဲ့မျှ ထိတွေ့ခဲ့ဖူးခြင်း မရှိပါဘူး။ သူတို့မိဘတွေက ရောဂါလက္ခဏာမပြဘဲ ကိုရိုနာဗိုင်းရပ်စ် ရှိနေတာဖြစ်နိုင်တယ်လို့ ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။ ကလေးတွေရဲ့မိဘတွေကို ဆေးစစ်ထားပြီး ဓာတ်ခွဲအဖြေ မထွက်သေးချိန်မှာ သီးသန့်ခွဲခြားထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်က ကိုယ်ဝန်ဆောင်မိခင်ရဲ့ အချင်းကတစ်ဆင့် ကိုယ်တွင်းမှာ ကူးစက်နိုင်သလားဆိုတာကို ဒီဖြစ်ရပ်က မီးမောင်းထိုးပြနိုင်လိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်နေပါတယ်။ ” ဒါဟာ သိပ္ပံပညာရှုထောင်ကကြည့်ရင် မကြုံစဖူးကိစ္စပါပဲ”လို့ ဆန်လူးဝစ်ပိုတိုဆီမြို့ ပြည်သူ့ကျန်းမာရေးအေဂျင်စီ အကြီးအကဲ စတိန်နာက ပြောပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top