Deadpool 3 ရုပ်ရှင်ရိုက်ကွင်းမှ ပထမဆုံးထွက်ရှိလာတဲ့ ရိုင်ယန် ရေးနိုးလ်ရဲ့ပုံရိပ်များ

10.7.23-yyl-9.jpg

မင်းသား ရိုင်ယန်ရေးနိုးလ် ပါဝင်သရုပ်ဆောင်ထားတဲ့ (၃) ကားမြောက် Deadpool ဇာတ်ကားဟာ ရိုက်ကူးရေးစတင်နေပါပြီ။ အခု ဗြိတိန်မှာ ရိုက်ကူးနေပြီး Deadpool ဇာတ်ကောင် အနီရောင်ဝတ်စုံနဲ့ ရိုင်ယန်ကို မြင်တွေ့ရပါတယ်။ ဇာတ်ကားရိုက်ကွင်းက ရိုင်ယန်ရဲ့ပုံရိပ်တွေက ထွက်ရှိလာခဲ့တာပါ။

ပထမဆုံးထွက်ရှိလာတဲ့ ရိုင်ယန်ရဲ့ရိုက်ကွင်းပုံရိပ်တွေက ထင်သာမြင်သာရှိပြီး အနီးကပ်ပုံရိပ်တွေလည်းပါဝင်ပါတယ်။ သူ့ရဲ့စတန့်သမားကတော့ မျက်နှာအုပ်ထားနေစဉ်မှာ ရိုင်ယန်ကတော့ သူ့ရဲ့မျက်နှာကို ဖော်ထားပါတယ်။

ရိုင်ယန်ရဲ့ Deadpool 3 မှာတော့ မင်းသားဟုဂျက်မန်းရဲ့ Wolverine ဇာတ်ကောင်ကိုလည်း မြင်တွေ့ရမှာပါ။ Deadpool ဇာတ်ကောင်နဲ့ Wolverine ဇာတ်ကောင် (၂) ဦးက ဒီဇာတ်ကားမှာ မျက်လုံးချင်းဆုံလို့မရအောင် တစ်ယောက်နဲ့တစ်ယောက်မုန်းကြတယ်လို့ ဟုဂျက်မန်းက အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ဖူးပါတယ်။

အပြင်မှာ ရိုင်ယန်နဲ့ ဂျက်မန်းတို့က အရမ်းရင်းနှီးကြတဲ့ မိတ်ဆွေတွေဖြစ်ကြတဲ့အတွက် ပရိသတ်တွေက ဇာတ်ကားထဲမှာ သူတို့နှစ်ဦးကို အတူမြင်တွေ့ရဖို့ မစောင့်နိုင်ဖြစ်နေကြပါတယ်။

Deadpool3 ကို ဒါရိုက်တာ Shawn Levy က ရိုက်ကူးမှာဖြစ်ပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့ ရုံတင်ပြသဖို့ စီစဉ်ထားပါတယ်။

Ref: First look at Ryan Reynolds in costume on Deadpool 3 set as filming gets underway in UK

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top