ရာသီဥတုပြောင်းလဲခြင်းကြောင့် ကမ္ဘာတဝှမ်းက ငါးအရေအတွက် လျော့နည်းလာနေ

fish.jpg

ရာသီဥတုပြောင်းလဲမှုတွေက ကမ္ဘာ့နေရာအနှံ့အပြားမှာရှိတဲ့ ငါးတွေကို ဘေးအန္တရာယ်ဖြစ်စေနေပါပြီ။ ဒီအန္တရာယ်ဟာ တရုတ်နိုင်ငံနဲ့ ဂျပန်နိုင်ငံအနီးနားက ကမ်းရိုးတန်းဒေသတွေမှာ (၃၅) ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့ပြီး ငါးအရေအတွက်တွေ တဖြည်းဖြည်းလျော့နည်းလာနေကြောင်း သိပ္ပံပညာရှင်တွေက ပြောခဲ့ပါတယ်။

သမုဒ္ဒရာပူနွေးလာခြင်းကြောင့် ဖမ်းမိထားတဲ့ ငါးပမာဏဟာလည်း အရင်ကထက် (၄) ရာခိုင်နှုန်း လျော့နည်းသွားခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေက ငါးဖမ်းလုပ်ငန်းတွေနဲ့ သမုဒ္ဒရာရဲ့အပူချိန်ဇယားတွေနဲ့ ကမ္ဘာလုံးဆိုင်ရာအချက်အလက်တွေကိုအသုံးပြုပြီး ၁၉၃၀ နဲ့ ၂၀၁၀ ကာလအကြားက မြင့်တက်လာခဲ့တဲ့အပူချိန်ကြောင့် ငါးဖမ်းလုပ်ငန်းရဲ့ပြောင်းလဲမှုဖြစ်စဉ်ကို ခွဲခြမ်းစိတ်ဖြာခဲ့ကြပါတယ်။

ကမ္ဘာတဝှမ်းမှာရှိတဲ့ ငါးအရေအတွက်ကို သိသိသာသာလျော့ပါးပျောက်ကွယ်လာစေတဲ့ ကမ္ဘာကြီးပူနွေးလာခြင်းကို လေ့လာခဲ့ပြီးနောက်မှာ ဒီလိုလျော့နည်းလာခြင်းက လူသန်းပေါင်းများစွာရဲ့ အသက်ရှင်နေထိုင်မှုနဲ့ အစားအစာထောက်ပံ့မှုအတွက် ခြိမ်းခြောက်လာနိင်ဖွယ်ရာရှိတယ် လို့ သတိပေးခဲ့ပါတယ်။

ကမ္ဘာတဝှမ်းက လူ (၅၆) သန်းကျော်ဟာ ငါးဖမ်းလုပ်ငန်းတွေမှာ အလုပ်လုပ်နေကြတာဖြစ်ပြီး ပင်လယ်စာတွေက ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာစားသုံးနေကြတဲ့ အသားကရရှိတဲ့ ပရိုတိန်းဓာတ်ရဲ့တစ်ဝက်ကိုသာ ထောက်ပံ့ပေးနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

ငါးအရေအတွက်လျော့ပါးမှုဖြစ်စဉ်က တောင်တရုတ်ပင်လယ်နဲ့ ဂျပန်နိုင်ငံက ကူယိုရှီရိုရေစီးကြောင်းအပါအဝင် အာရှတိုက်ရဲ့ ကမ်းရိုးတန်းဒေသတွေမှာ အဆိုးရွားဆုံးဖြစ်နေတယ်လို့ မှတ်တမ်းတင်ထားပါတယ်။

“အရှေ့အာရှက ဂေဟစနစ်တွေဟာ တော်တော်လေးကို အားနည်းလို့နေပါတယ်။ ဒီနေရာတွေမှာ အဆက်မပြတ်ပူနွေးမှုတွေရှိနေပြီး ငါးအလွန်အကျွံဖမ်းဆီးမှုတွေလည်းရှိပါတယ်။ ငါးအရေအတွက်ဆက်လက်ကျဆင်းနေတာကြောင့် အရှေ့တောင်အာရှနိုင်ငံတွေဟာ အခြားနေရာတွေက ငါးတွေကို ဈေးကြီးပေးပြီး တင်သွင်းနေကြရပါတယ်” လို့ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ သုတေသီခေါင်းဆောင် ခရစ်စ် ဖရီး (Chris Free) က ဆိုပါတယ်။

ငါးအလွန်အကျွံဖမ်းခြင်းဟာလည်း ရာသီဥတုပြောင်းလဲခြင်းကို အကျိုးသက်ရောက်စေနိုင်ပြီး သမုဒ္ဒရာပူနွေးလာခြင်းကချည်း ငါးတွေအားလုံးကို ဘေးသင့်စေတာမဟုတ်ပါဘူး။ အစိုးရတွေအနေနဲ့ သမုဒ္ဒရာပူနွေးလာခြင်းကိုဖြစ်စေတဲ့ ငါးအလွန်အကျွံဖမ်းဆီးတာကို တားမြစ်ကြပ်မတ်သင့်ပြီး ဒေသတွေကြား ကုန်ပစ္စည်းမျှဝေဖို့ ကုန်သွယ်ရေးသဘောတူညီချက်တွေ ပြုလုပ်ထားသင့်ပါတယ်လို့ ဖရီးက ဆိုပါတယ်။

Ref: CNN “Earth’s fish are disappearing because of climate change, study says”
WL (ရိုးရာလေး)




ကမ္ဘာတဝှမ်းမှာရှိတဲ့ ငါးအရေအတွက်ကို သိသိသာသာလျော့နည်းလာစေတဲ့ ကမ္ဘာကြီးပူနွေးလာခြင်းကို လေ့လာခဲ့ပြီးနောက်မှာ ဒီလိုလျော့နည်းလာခြင်းက လူသန်းပေါင်းများစွာရဲ့ အသက်ရှင်နေထိုင်မှုနဲ့ အစားအစာထောက်ပံ့မှုအတွက် ခြိမ်းခြောက်လာနိင်ဖွယ်ရာရှိတယ် လို့ သတိပေးခဲ့ပါတယ်။





WL (ရိုးရာလေး)

(Zawgyi)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top