နားကိုက်လို့ စိတ်ညစ်နေပါသလား

19-8-2020-yyl-016.jpg

နားကိုက်တာက ဖြစ်လေ့ဖြစ်ထရှိတဲ့အရာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ နားကိုက်တာဖြစ်လာပြီဆိုရင်တော့ မခံမရပ်နိုင်အောင်နာကျင်ရပါတယ်။ နားကိုက်တဲ့အခါမျိုးမှာ ဝါးရတာ၊ မျိုချတာ၊ အိပ်ရာတာနဲ့ အခြားတစ်နေ့တာလုပ်ဆောင်မှုတွေမှာ အဟန့်အတား ဖြစ်လာနိုင်ပါတယ်။ နားထဲပိတ်မိနေတဲ့ ဘတ်တီးရီးယားပိုးမွှား၊ ဗိုင်းရပ်စ်နဲ့ မှိုတွေကြောင့်လည်း နားကိုက်ခြင်းဖြစ်လာနိုင်ပါတယ်။ နားရောဂါပိုးကူးစက်ရခြင်းရဲ့ အခြားအကြောင်းအရင်း တချို့ကတော့ ရေ၊ ဖိအား၊ ဓာတ်မတည့်တာ၊ အရေပြားပိုးဝင်ခြင်းတို့ပါပဲ။ ကပ်ရောဂါအတွင်းမှာ ဆရာဝန်ကလည်းမပြချင်၊ နားကလည်းအရမ်းကိုက်နေတယ်ဆိုရင် အိမ်မှာ ကိုယ်တိုင်ဖြေရှင်း ကြည့်လို့ရတဲ့ နည်းလမ်းတချို့ရှိပါတယ်။

အဲဒီနည်းလမ်းတွေကတော့

ကြက်သွန်ဖြူနဲ့ ကုသခြင်း

ကြက်သွန်ဖြူရဲ့ဘတ်တီးရီးယားတိုက်ဖျက်တဲ့ဂုဏ်သတ္တိိက နားကိုက်တာကို ကုသပေးနိုင်ပါတယ်။ ဒါပေမဲ့ နားကိုက်တာကို လုံးဝပျောက်သွားတာမျိုးတော့မဟုတ်ပါဘူး။ ချက်ချင်းတော့ နားကိုက်တာကို သက်သာသွားစေပါတယ်။ ကြက်သွန်ဖြူအနည်းငယ်ကို မုန်ညှင်းဆီထဲထည့်ပြီး ကြက်သွန်ဖြူညိုသွားတဲ့အထိ အပူပေးခြင်းဖြင့် ကြက်သွန်ဖြူဆီကို ပြုလုပ်ရမှာဖြစ်ပါတယ်။ အဲဒီဆီကို ကြက်သွန်ဖြူအဖက်မပါအောင် စစ်ပြီး နားထဲကို (၁-၂) စက်ထည့်ပေးရမှာဖြစ်ပါတယ်။

ချင်း (ဂျင်း) နဲ့ ကုသနည်း

ချင်းက ရောင်ရမ်းခြင်းကို တိုက်ဖျက်ပေးတဲ့ဂုဏ်သတ္တိရှိပြီး နားကိုက်တာကို သက်သာသွားစေနိုင်တဲ့ အိမ်တွင်းနည်းတစ်ခုဖြစ်ပါတယ်။ နားအပြင်ဘက်ပြွန်တစ်ဝိုက်မှာ ချင်းအရည်ကို လိမ်းပေးနိုင်ပါတယ်။ မုန်ညှင်းဆီအနည်းငယ်ထဲ ချင်းကြိတ်ပြီးထည့်ကာ အပူပေးခြင်းဖြင့် ချင်းအဆီပြုလုပ်ပေးနိုင်ပါတယ်။ ဒီအဆီကို နားအပြင်ဘက်မှာ လိမ်းပေးပါ။ နားအတွင်းထဲကို အဲဒီဆီမထည့်ပါနဲ့။

အပူအအေးကပ်ပြီး ကုသနည်း

ရေခဲ၊ အဝတ်ကိုအသုံးပြုပြီး ရေခဲကပ်ပေးလို့လည်းရပါတယ်။ ရေခဲအိတ်ကို ယူပြီး နာကျင်နေတဲ့ နားမှာ (၁၀) မိနစ်လောက် ကပ်ထားလိုက်ရုံပါပဲ။

ပန်းသီးအရက်ဗင်နီဂါနဲ့ ကုသနည်း

ပန်းသီးအရက်ဗင်နီဂါနဲ့ရေတို့ကို အချိုးကျယူပြီး နားထဲကို အစက်အနည်းငယ်ထည့်လိုက်ပြီး ဂွမ်းနဲ့ အုပ်ထားလိုက်ပါ။ ပန်းသီးအရက်ဗင်နီဂါက ရောင်ရမ်းခြင်းကို လျော့ချပေးနိုင်ပြီး ဘတ်တီးရီးယားတွေကို တိုက်ဖျက်ပေးတဲ့ဂုဏ်သတ္တိရှိပါတယ်။ ဒီနည်းနဲ့ပတ်သက်ပြီး သေချာသိချင်ရင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်သင့်ပါတယ်။

သံလွင်ဆီနဲ့ကုသနည်း

သံလွင်ဆီအနည်းငယ်ကို အပူပေးပြီး နားထဲကို (၂-၃) စက်ထည့်လိုက်ပါ။ ဒီနည်းက နာကျင်မှုကို သက်သာအောင် ကူညီပေးနိုင်ပါတယ်။ သံလွင်ဆီကို အရမ်းအပူမပေးသင့်ပါဘူး။ အရမ်းအပူပေးလိုက်မယ်ဆိုရင် နားစည်ကို ထိခိုက်စေနိုင်ပါတယ်။ ဒီကုသနည်းတွေကို ကလေးတွေအတွက် အသုံးမပြုခင်မှာ ဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင်ကြည့်သင့်ပါတယ်။

Ref: From garlic to apple cider vinegar, five effective home remedies for ear pain

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top