နိုင်ငံကနေ ထွက်ခွာစရာမလိုဘဲ တကယ်ခရီးထွက်ရသလို ခံစားရအောင် ဂျပန်ကုမ္ပဏီကဖန်တီး

19-8-2020-yyl-013.jpg

COVID-19 ကပ်ရောဂါက နိုင်ငံတကာခရီးသွားလာရေးလုပ်ငန်းတွေကို ယာယီရပ်ဆိုင်းစေခဲ့ပါတယ်။ အလည်အပတ်သွားချင်တဲ့သူတွေကလည်း သူတို့သွားချင်တဲ့နေရာတွေကို သွားခွင့်ရကြပါဘူး။ ဒါပေမဲ့ အခုဆိုရင် ဂျပန်နိုင်ငံက ခရီးသွားတွေကို မိမိနိုင်ငံက ထွက်ခွာစရာမလိုဘဲ လူသိများတဲ့နေရာတော်တော်များများကို ရောက်သွားသလိုခံစားရအောင် ဂျပန်ကုမ္ပဏီတစ်ခုက ဖန်တီးပေးနေပါတယ်။

အဲဒီFirst Airlines ဆိုတဲ့ဂျပန်ကုမ္ပဏီက လေကြောင်းခရီးစဉ်တွေ ရပ်ဆိုင်းထားရချိန်မှာ ကောင်းကောင်းအသုံးချလိုက်တာပါပဲ။ Business-Class ထိုင်ခုံအတွက် ယန် ၄၉၈၀ နဲ့ First-Class အတွက် ယန် ၅၉၈၀ ပေးခြင်းဖြင့် လေယာဉ်နဲ့ ခရီးသွားရသလို ပြန်လည်ခံစားရမှာဖြစ်ပါတယ်။ လေယာဉ်ပေါ်ရောက်တာနဲ့ ဘေးကင်းလုံခြုံရေးအတွက် သရုပ်ဖော်ပြသမယ့် လေယာဉ်မယ်တွေက လူတိုင်းကို နှုတ်ဆက်မှာဖြစ်ပါတယ်။

လေယာဉ်စီးနေတဲ့ အတောအတွင်းမှာ လေယာဉ်မယ်တွေက သောက်စရာနဲ့ အစားအစာတွေကို တည်ခင်းမှာဖြစ်ပါတယ်။ ကျွမ်းကျင်တဲ့စားဖိုမှူးကလည်း အစားအစာကို ပြင်ဆင်ပေးပြီး လေယာဉ်ရဲ့ခရီးမှတ်တိုင်ပေါ်မူတည်ပြီး မီနူးက ပြောင်းလဲသွားပါတယ်။ သင့်ခရီးမှတ်တိုင်က နယူးယောက်မြို့ဆိုပါစို့။ မီနူးမှာ နယူးယောက်မှာရနိုင်တဲ့ အစားအစာတွေပါဝင်မှာဖြစ်ပါတယ်။ ခရီးသွားတွေက လေယာဉ်ပေါ်မှာ ထိုင်ပြီး Virtual Reality မျက်မှန်ဝတ်ဆင်လိုက်မယ်ဆိုရင် ကိုယ်သွားချင်တဲ့နေရာတွေကို တကယ်ရောက်သွားသလို ခံစားရမှာဖြစ်ပါတယ်။

ဒီစိတ်လှုပ်ရှားစရာခရီးစဉ်က နာရီအနည်းငယ်ထိုင်လိုက်ရုံနဲ့ အဆုံးသတ်သွားမှာမဟုတ်ပါဘူး။ နေရာတော်တော်များများကို အလည်အပတ်သွားနေရသလို ခံစားနေရမှာဖြစ်ပါတယ်။ ဂျပန်လူမျိးခရီးသွားတွေက သက်တောင့်သက်သာရှိတဲ့ ထိုင်ခုံကနေ ရောမ၊ နယူးယောက်၊ ပါရီတွေလို ကမ္ဘာ့နာမည်ကြီးအထင်ကရ နေရာတွေမှာ လည်ပတ်ကြည့်ရှုခွင့်ရနိုင်ပါတယ်။ လေကြောင်းခရီးစဉ်က အချိန် (၂) နာရီလောက်ပါပဲ။ ကြိုတင်မှာယူမှုတွေဟာ ကပ်ရောဂါဖြစ်ပွားကတည်းက ၅၀ ရာခိုင်နှုန်းလောက် မြှင့်တက်လာခဲ့တယ်လို့ South China Morning Post က အရသိရပါတယ်။

Ref: Japanese Company Creates Virtual Plane Trips So People Can ‘Fly’ Without Leaving The Country

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top