ယူကရိန်းကို ကူညီဖို့အတွက် ဝက်စုဗူးထဲက ငွေတွေအားလုံးကို လှူဒါန်းခဲ့တဲ့ ၅ နှစ်သားလေး

15-2-2022-yyl01.jpg

ကနေဒါနိုင်ငံ၊ အွန်ထရီယိုမြို့က ၅ နှစ်သား​လေး လိန် မိုရီ (Liam Moore) ဟာ ယူကရိန်းက စစ်ဘေးဒုက္ခသည်တွေကို ကူညီဖို့ သူတက်နိုင်သလောက် လုပ်ဆောင်နေပါတယ်။လိန်ဟာ အိမ်အလုပ်ကူညီရင်းနဲ့ ရခဲ့တဲ့ မုန့်ဖိုးတွေစုထားတာ သြစတြေးလျဒေါ်လာ ၃၀ ဝန်းကျင်ရှိပါပြီ။ သူငယ်တန်းကျောင်းသားလေးဖြစ်ပေမဲ့ ​ကောင်းတဲ့ရည်ရွယ်ချက်နဲ့ ဝက်စုဗူးထဲ စုထားတဲ့မုန့်ဖိုးတွေကို လှူဒါန်းချင်စိတ်ရှိခဲ့ပါတယ်။ “ယူကရိန်းက ငွေလိုအပ်နေတာ​ကြောင့် သား ငွေတွေကို လှူဒါန်းနေတာပါ” လို့ CTVNews ကို လိန်က ပြောကြားခဲ့ပါတယ်။

လိန်က စိန့်ပေါလ်ကက်သလစ်မူလတန်းကျောင်းမှာ တက်ရောက်နေပြီး ယူကရိန်းမှာ စစ်ပွဲရဲ့သက်ရောက်မှုကို ခံစားနေရတဲ့သူတွေကို ပံ့ပိုးကူညီဖို့အတွက် ကျောင်းသားတွေဉီးဆောင်တဲ့ ရန်ပုံငွေတစ်ရပ်ကို လုပ်ဆောင်နေပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်ကျော်က လိန်နဲ့ သူ့ရဲ့အတန်းဖော်တွေက နိုင်ငံတွင်းရှိ သူတို့နဲသက်တူရွယ်တူကလေးတွေအပေါ် သက်ရောက်နေတဲ့ စစ်ပွဲရဲ့ပဋိပက္ခတွေအကြောင်း သိရှိခဲ့ရပါတယ်။ သူ့ရဲ့ မိခင် ပန် မိုရီ (Pam Moore) က “သားက သူပါဝင်ပြီး ကူညီရတာကို အရမ်းစိတ်လှုပ်ရှားနေပုံရပါတယ်။ ကျွန်မတို့တွေ ဘေးကင်းနေရာမှာ နေနေရတဲ့အတွက် သားက သူတို့တွေကို ဘေးကင်းစေချင်ပြီး ဘေးကင်းတဲ့နေရာမှာ ထားချင်ခဲ့တယ်” လို့ ဆိုပါတယ်။

ရန်ပုံငွေပွဲကို ကျောင်းက Year 6/7 အတန်းက စုပေါင်းပြုလုပ်ခဲ့ပါတယ်။ ကလေးတွေက ပိုက်ဆံတွေလှူဒါန်းခဲ့ပြီး အပြန်အလှန်အနေနဲ့ ညအိပ်ဝက်စုံတွေ (သို့) ရယ်စရာဉီးထုတ်တွေ ဝတ်ဆင်ခွင့်ရခဲ့ပါတယ်။ ရွှေဒင်္ဂါးပြားလှူဒါန်းမှုအစား လိန်က ကနေဉီးအနေနဲ့ သူ့ရဲ့စုဆောင်းငွေအားလုံးကို လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့တာပါ။ သူ့ရဲ့အတန်းဖော်တွေဆီက တုံ့ပြန်ချက်က ကြီးမားလွန်းပါတယ်။

၇ တန်းကျောင်းသား အယ်လီဆန် ဂိုစဝဲလ် (Allyson Gowswell) က “တစ်တန်းလုံးက လိန်ကို လက်ခုပ်တီးအားပေးခဲ့ကြပါတယ်။ သူငယ်တန်းကျောင်းသားလေးတစ်ယောက်က အကူအညီလိုနေတဲ့သူတွေရှိတယ်ဆိုတာကို နားလည်နိုင်ပြီး သူတို့ကို ကူညီဖို့ ဆန္ဒရှိနေတယ်ဆိုတာက တကယ်ကောင်းတယ်လို့ ကျွန်တော် တွေးမိခဲ့တယ်” လို့ ပြောခဲ့ပါတယ်။

အတန်းက ကနဉီးအနေနဲ့ ဩစတြေးလျဒေါ်လာ ၇၀၀ (အမေရိကန်ဒေါ်လာ ၅၀၀) ရန်ပုံငွေရှာဖို့ ရည်မှန်းထားခဲ့ပေမဲ့ အဲဒီပမာဏထက် ကျော်ပြီး ဩစတြေးလျဒေါ်လာ ၂၇၀၀ (အမေရိကန်ဒေါ်လာ ၂၀၀၀) ကျော်ရရှိခဲ့ပါတယ်။ အစက လိန်က အက်ရှင်ဇာတ်ကားတွေထဲဇာတ်ကောင်အရုပ်အသစ်ဝယ်ဖို့ အဲဒီငွေတွေစုထားခဲ့ပေမဲ့ အဲဒီအတွက် ငွေပြန်ပြီးစုဖို့ စိတ်မပျက်ခဲ့ဘူးလို့ သူ့မိခင်ရဲ့ပြောစကားအရ သိရပါတယ်။ “သားမှာ ရှိပြီးသားအရုပ်တွေနဲ့ တကယ်အဆင်ပြေပါတယ်” လို့ လိန်က ဆိုခဲ့ပါတယ်။

Ref: Ladbible “Five-Year-Old Lad Donates His Entire Piggy Bank To Help Ukraine”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top