Wolverine ဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်နိုင်တယ်ဆိုတဲ့ ခန့်မှန်းပြောဆိုချက်တွေကို ငြင်းဆိုလိုက်တဲ့ ဟယ်ရီပေါ်တာမင်းသား

15-2-2022-yyl04.jpg

ဟယ်ရီပေါ်တာအဖြစ် နာမည်ကြီးလူသိများခဲ့တဲ့ ဒန်နီရယ် ရက်ကလစ်ဖ် (Dan Radcliffe) ဟာ စူပါဟီးရိုးဇာတ်ကား Wolverine က Wolverine ဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်နိုင်တယ်ဆိုတဲ့ ခန့်မှန်းပြောဆိုချက်တွေကို ငြင်းဆိုလိုက်ပါတယ်။ စူပါဟီးရိုးအဖြစ် ဟုဂျက်မန်း (Hugh Jackman) သရုပ်ဆောင်ခဲ့တဲ့နေရာမှာ ဒန်နီရယ်ကို အစားထိုးမယ့်အလားလာရှိသူအဖြစ် ထောက်ခံပြောဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ Marvel က အဲဒီဇာတ်ကောင်ကို သရုပ်ဆောင်ဖို့ သူ့ကို ရွေးချယ်မယ်ဆိုတာကို ဒန်နီရယ်က သံသယဖြစ်နေပါတယ်။

ဒန်နီရယ်က သူ့ရဲ့ဇာတ်ကားအသစ် The Lost City ကို ပရိုမိုးရှင်းဆင်းဖို့အတွက် ComicBook.com နဲ့ အင်တာဗျူးလုပ်တဲ့အချိန်မှာ “ဟေ့ Wolverine သတင်းကို ကြားတယ်နော်။ ဒါက အတော်လေးမိုက်တယ်လို့ လူတွေ ကျွန်တော့်ဆီ လာပြောကြတာ အများကြီးပါပဲ။ မဟုတ်ဘူး…ကျွန်တော် ဒါနဲ့ပတ်သက်ပြီး ဘာမှမသိဘူး။ ဒီလိုပါပဲ။ တစ်စုံတစ်ယောက်က ရုပ်ပြစာအုပ်ထဲမှာ Wolverine က တကယ်အရပ်ပုနေသလို ရှင်းလင်းနေရင်တော့ အဲဒီဇာတ်ကောင်အတွက် သရုပ်ဆောင်ဖို့ အရပ်ပုတဲ့သူတစ်ယောက်ကို ရှာသင့်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကိုယ့်ကိုယ်ကို မမြင်မိဘူး။ သူတို့တွေက ဟုဂျက်မန်းဆီကနေ ကျွန်တော့်ဆီ လာနေတယ်လို့ မမြင်ဘူး။ ဒါပေမဲ့ ဘယ်သူသိမှာလဲ။ ကျွန်တော့်ကို မှားယွင်း ထောက်ခံနေတာ Marvel ” လို့ ဆိုပါတယ်။

အရင်တုန်းကလည်း ဒန်နီရယ်က Wolverine ဇာတ်ကောင်အဖြစ် မပါဝင်ချင်ဘူးလို့ ပြောခဲ့ဖူးပါတယ်။ သူက X-Men ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့အတွက် ပြန်ပြီးရိုက်ကူးတာမျိုးမလုပ်ချင်တဲ့အတွက်ကြောင့်ပါ။ “ကျွန်တော် ကြိုက်နှစ်သက်တဲ့ဇာတ်ကားအများစုကို ပြန်ရိုက်ကူးတာမျိုးကို မြင်ချင်လိမ့်မယ်လို့ ကျွန်တော် မထင်ဘူး။ ပြန်ရိုက်ကူးမယ့်ဇာတ်ကားတွေမှာ ကျွန်တော် သေချာပေါက်ပါဝင်ချင်လိမ့်မယ်လို့ မထင်ဘူး”လို့ ဒန်နီရယ်ဟာ ၂၀၁၉ခုနှစ်က ပြောကြားခဲ့ပါတယ်။

ဒန်နီရယ်က Weird: The Al Yankovic Story ဇာတ်ကားမှာ အဆိုတော် Weird AI’ Yankovic အဖြစ် ပါဝင်ဖို့ စီစဉ်ထားပါတယ်။ အဲဒီဇာတ်ကားအသစ်မှာ နာမည်ကြီးအဆိုတော်တစ်ယောက်အဖြစ်ပါဝင်ရတာက တာဝန်ကြီးတယ်လို့လည်း ဒန်နီရယ်က ဆိုပါတယ်။

Ref: AsiaOne “Daniel Radcliffe denies he’s playing Wolverine”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top