ဓာတ်ပုံနောက်ကွယ်က ဝမ်းနည်းစရာဇာတ်လမ်းတစ်ပုဒ်

6.3.2023-yyl-iamge-16.jpg

ဒီပုံနောက်ကွယ်မှာ ဝမ်းနည်းစရာ ဇာတ်လမ်းတစ်ပုဒ်ရှိခဲ့ပါတယ်။ တယောထိုးရင်း ငိုနေတဲ့ကောင်လေးနာမည်ကတော့ ဒီယေဂိုဖရာဇိုတော်ကွာတိုပါ။ သူ့ကို ဆင်းရဲမွဲတေမှုနွံထဲကနေ လွတ်မြောက်အောင် ကူညီပေးခဲ့ပြီး မျှော်လင့်ချက်ရောင်ခြည်ပေးခဲ့တဲ့ ဆရာဖြစ်သူ အီဗန်ဒရိုယာအိုဆေးလ်ဗားရဲ့ ဈာပနအခမ်းအနားမှာ တယောထိုးရင်း တော်ကွာတိုက ငိုကြွေးနေတာပါ။

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရဲ့ ဆင်းရဲသားရပ်ကွက်မှာ မွေးဖွားခဲ့တဲ့ တော်ကွာတိုဟာ အသက် ၄ နှစ်သားအရွယ်ကတည်းက အဆုတ်ရောင်ရောဂါ ခံစားခဲ့ရပြီး မှတ်ဉာဏ်ထိခိုက်ခဲ့သူပါ။ ဒါပေမဲ့ ယာအိုဆေးလ်ဗားကြောင့် သူ့မျှော်လင့်ချက်တွေ ရှင်သန်ခဲ့ပြီး Afro Reggae သံစုံတီးဝိုင်းမှာ တယောထိုးခွင့် ရခဲ့ပါတယ်။

တော်ကွာတိုဟာ ယာအိုဆေးလ်ဗားရဲ့ ဈာပနမှာ ဝမ်းနည်းညိုးငယ်စွာ တယောထိုးခဲ့ပြီးနောက် သိပ်မကြာခင်ပဲ သွေးကင်ဆာရောဂါကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။

Ref: Diego Frazao Torquato

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top