သင့်ကို ပိုပြီးစိတ်ပျော်ရွှင်အောင် ပိုက်ဆံထက်လုပ်နိုင်တဲ့အရာကို သုတေသီတွေပြော

yyl-016-1.jpg

ကမ္ဘာပေါ်မှာ ပိုက်ဆံကသာ ပျော်ရွှင်စေနိုင်တယ်လို့ ကျွန်တော်တို့တွေ ထင်ချင်ထင်ကြမှာပါ။ တကယ်တော့ ကျွန်တော်တို့ကို ပိုပြီးပျော်ရွှင်အောင် ပိုက်ဆံထက်လုပ်နိုင်တဲ့ အရာရှိပါတယ်။ ဘယ်လိုအရာကများ ပိုက်ဆံထက် ကျွန်တော်တို့ကို ပိုပြီးပျော်ရွှင်စေနိုင်တာလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ အဲဒါက ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းဖြစ်တယ်လို့ သုတေသီတွေက ဆိုထားပါတယ်။

ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းက ရုပ်ပိုင်းဆိုင်ရာမှာကော၊ စိတ်ပိုင်းဆိုင်ရာမှာပါ ကျန်းမာရေး အကျိုးကျေးဇူးတွေရှိတယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းက ငွေကြေးထက် လူသားတွေကို ပိုပြီးပျော်ရွှင်စေတယ်ဆိုတာကို ယေးလ်နဲ့ အောက်စ်ဖို့ဒ်တက္ကသိုလ်က သုတေသီတွေက လေ့လာချက်အရသိရပါတယ်။

The Lancet မှာ ပါရှိတဲ့ လေ့လာချက်မှာ သုတေသီတွေက အမေရိကန်လူမျိုး (၁.၂) သန်းကျော်ရဲ့ ရုပ်ပိုင်းဆိုင်ရာအပြုအမှုနဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေနဲ့ ပတ်သက်ပြီး ဒေတာတွေစုဆောင်းခဲ့ကြပါတယ်။ လေ့လာချက်မှာပါဝင်ခဲ့သူတွေကို “လွန်ခဲ့တဲ့ နှစ် (၃၀) မှာ ဘယ်နှစ်ကြိမ်လောက် စိတ်ပိုင်းဆိုင်ရာအားဖြင့် နေထိုင်မကောင်းသလို ခံစားခဲ့ရဖူးလဲ။ ဥပမာအနေနဲ့ဆိုရင် စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ခံစားချက် ပြဿနာတွေကြောင့်ပေါ့” ဆိုတဲ့မေးခွန်းကို မေးခဲ့ကြပါတယ်။

ပါဝင်ခဲ့သူတွေကို သူတို့ရဲ့ဝင်ငွေနဲ့ ရုပ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေအကြောင်းလည်း မေးခဲ့ကြပါတယ်။ သူတို့က ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်ချက် (၇၅) မျိုးထဲကနေ မြက်ရိတ်တာ၊ ကလေးတွေကို ကြည့်ရှုစောင့်ရှောက်တာ၊ အိမ်မှုကိစ္စလုပ်တာကစပြီး ဝိတ်မတာ၊ စက်ဘီးစီးတာ၊ ပြေးတာတွေအထိ ရွေးချယ်နိုင်ခဲ့ပါတယ်။

လေ့ကျင့်ခန်း ပုံမှန်လုပ်တဲ့သူတွေက တစ်နှစ်မှာ (၃၅) ရက်သာ စိတ်မပျော်ရွှင်သလိုခံစားရပေမဲ့ လေ့ကျင့်ခန်းမလုပ်တဲ့သူတွေက လုပ်တဲ့သူတွေထက် (၁၈) ရက်ပိုပြီး စိတ်မပျော်ရွှင်ဖြစ်ကြရတယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် ရုပ်ပိုင်းဆိုင်ရာအားဖြင့် active ဖြစ်တဲ့သူတွေက အားကစားမလုပ်တဲ့သူတွေထက် စိတ်ပျော်ရွှင်သလိုခံစားရပါတယ်။ ဒါပေမဲ့ သူတို့က တစ်နှစ်ကို ဒေါ်လာ (၂၅,၀၀၀) လောက် ဝင်ငွေဝင်ပါတယ်။ စိတ်ပျော်ရွှင်မှုကိုလိုချင်ရင် အားကစားလုပ်တာအပြင် ဝင်ငွေများများရဖို့လည်း အရေးကြီးတာကို သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

ဒါပေမဲ့ လေ့ကျင့်ခန်းလုပ်တာက ကျန်းမာရေးကောင်းကျိုးတွေရှိပေမဲ့ လေ့ကျင့်ခန်းအလွန်အကျွံ လုပ်မယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ လေ့လာစမ်းသပ်ချက်အရ တစ်နေ့ကို (၃) နာရီထက် ပိုပြီးလေ့ကျင့်ခန်းလုပ်ခဲ့တဲ့သူတွေက ရုပ်ပိုင်းဆိုင်ရာအားဖြင့် activeမ ဖြစ်တဲ့သူတွေထက် ပိုပြီး စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ခံစားခဲ့ရပါတယ်။ အဖွဲ့လိုက်ကစားရတဲ့ အားကစားတွေက အခြားအရာတွေထက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ပိုပြီးအကျိုးကျေးဇူးရှိတယ်လို့လည်း သုတေသီတွေက ဆိုထားပါတယ်။

Ref: BusinessInsider “Exercise makes you happier than money, Yale and Oxford research says

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top