ဦးနှောက်သို့ ကင်ဆာပျံ့နှံ့သည့် အဆုတ်ကင်ဆာ ဝေဒနာရှင်များအတွက် ဦးခေါင်းတစ်ခုလုံး ဓာတ်ရောင်ခြည်ကင်သည့် ကုထုံးမှာ အကျုးိမရှိဟု ဆို

20160907_cancer_large.jpg

ဗြိတိန်နိုင်ငံတွင် နှစ်စဉ် လူဦးရေ ၄၅,၀၀၀ ခန့်မှာ အဆုတ်ကင်ဆာ ဝေဒနာ ခံစားနေရပြီး ယင်းတို့၏ သုံးပုံတစ်ပုံတွင် အဆုတ်ကင်ဆာမှာ ဦးနှောက်အထိ ပျံ့နှံ့သွားကြောင်း သိရသည်။

သုတေသနတစ်ရပ်အရမူ ဦးနှောက်သို့ ကင်ဆာပျံ့နှံ့သွားသည့် အဆုတ်ကင်ဆာ ဝေဒနာရှင်များအတွက် ဦးခေါင်းတစ်ခုလုံး ဓာတ်ရောင်ခြည်ဖြင့်ကုသသည့် နည်းလမ်းမှာ အကျိုးမရှိကြောင်း  ဖော်ပြထားသည်။

အဆိုပါသုတေသနအရ လူနာ ၅၀၀ ကို ဦးခေါင်းတစ်ခုလုံး ဓာတ်ရောင်ခြည် ကင်သည့် ကုထုံးဖြင့် ကုသခဲ့ရာ အခြားကုသနည်းများထက် ထူးခြားသည့် တိုးတက်မှု မရှိကြောင်း တွေ့ခဲ့ရသည်ဟု သိရသည်။ ဦးနှောက်သို့ ကင်ဆာပျံ့နှံ့မှုကြောင့် ဦးနှောက်အတွင်း ဒုတိယအဆင့် အကျိတ်တည်မှုများကို စတီးရွိုက်(steroids) ဆေးဝါးများ အသုံးပြု၍ ဦးခေါင်းတစ်ခုလုံး ဓာတ်ရောင်ခြည်ကင်ပြီး ကုသလေ့ရှိသကဲ့သို့ ကင်ဆာရောဂါကုထုံးများကြောင့် ဘေးထွက်ဆိုးကျိုးလျှော့ချနိုင်ရန် ဓာတ်ရောင်ခြည်ကုထုံးမဟုတ်သည့် အခြားကုထုံးများဖြင့်လည်း ကုသလေ့ရှိ သည်။

သို့သော် ဓာတ်ရောင်ခြည်ကုထုံးမှာ ပျို့အန်ခြင်း၊ အလွန်အမင်းမောပန်းနွမ်းနယ်ခြင်းနှင့် အာရုံကြောကို ထိခိုက်စေခြင်း စသည့် ဆိုးရွားလွန်းသော ဘေးထွက်ဆိုးကျိုးများခံစားရနိုင်ကြောင်း သိရသည်။
ဗြိတိန်နိုင်ငံတစ်ဝန်းရှိ ဆေးရုံများမှ ဆရာဝန်များ၊ သုတေသီများနှင့် လူနာများ ပါဝင်ခဲ့သည့် အဆိုပါသုတေသနတွင် ဦးနှောက်သို့ ကင်ဆာရောဂါပျံ့နှံ့သည့် လူနာများကို ဦးခေါင်းတစ်ခုလုံး ဓာတ် ရောင်ခြည်ကင်သည့် ကုထုံးဖြင့် ရက်သတ္တ ပတ်တစ်ပတ်ကြာကုသခဲ့ပြီးနောက်စမ်းသပ်ခဲ့ရာ လူနာ၏ကျန်းမာရေးအခြေအနေတိုးတက်မှုမရှိကြောင်း တွေ့ရှိခဲ့သည်။

Ref :http://www.bbc.com/news/health-37255399

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top