ကုန်ပစ္စည်းတံဆိပ်ပါ စက္ကူဒီဇိုင်းအိတ်တွေ Starbucks က ထွက်ရှိလာ

yyl-028-4.jpg

လူတော်တော်များများကြိုက်နှစ်သက်ကြတဲ့ စင်ကာပူနိုင်ငံရဲ့နာမည်ကြီးတံဆိပ် Starbucks ဟာ Starbucks ချစ်သူတွေအတွက် ကုန်ပစ္စည်းတံဆိပ်ပါ စက္ကူဒီဇိုင်းအိတ်မျိုးစုံကို ထုတ်လုပ်ပေးလိုက်ပါပြီ။ အဲဒီအိတ်တွေက Starbucks ချစ်သူတွေကို လိုချင်စိတ်တဖွာဖွာပေါ်လာတော့မှာဖြစ်ပါတယ်။

Starbucks က ထွက်ရှိလာတဲ့အိတ်တွေက ဈေးဝယ်အိတ်ဒီဇိုင်းမျိုးဖြစ်ပါတယ်။ Starbucks ကော်ဖီ တစ်ခု (သို့) နှစ်ခုမှာယူတဲ့အခါတိုင်း ဝယ်သူတွေလက်ခံရရှိတဲ့ စက္ကူအိတ်ဒီဇိုင်းမျိုးကို ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒီအိတ်တွေကို ၂၀၂၀ ဇန်နဝါရီ ၁၃ ရက်နေ့ကစပြီး ရရှိနိုင်ပြီဖြစ်ပါတယ်။

ဒီအိတ်တွေက Starbucks Rewards membership programme အနေနဲ့ Starbucks Rewards memberတွေအတွက် ဖြစ်ပါတယ်။ Sign Up လုပ်ချင်ရင် Starbucks ဝက်ဘ်ဆိုက်ကနေ Starbuck ကတ်နဲ့ Register လုပ်နိုင်သလို Starbucks စင်ကာပူအက်ပလီကေးရှင်းကနေတဆင့် အကောင့်ဝင်ရောက်လို့ရပါတယ်။

သားရေနဲ့လုပ်ထားတဲ့ လက်ကိုင်အိတ်က စင်ကာပူဒေါ်လာ (၁၂.၉၀) ကျသင့်မှာဖြစ်ပြီး အိတ်မျက်နှာစာမှာ Starbucks အမှတ်တံဆိပ်ပါရှိပါတယ်။ ဒီအိတ်က Starbucksကထွက်ရှိတဲ့အိတ်တွေထဲမှာ အသေးဆုံးဖြစ်ပါတယ်။ Tote အိတ်ကတော့ အိတ်တွေထဲမှာ အကြီးဆုံးဖြစ်ပြီး စင်ကာပူဒေါ်လာ (၃၂.၉၀) ဖြစ်ပါတယ်။ လက်ကိုင်ကြိုးမှာ Starbucks တံဆိပ်နာမည်ကို ရိုက်နှိပ်ထားပါတယ်။

အိတ်ကို သိုင်းလွယ်ချင်တဲ့သူတွေအတွက်လည်း ကြိုးသိုင်းအိတ်တွေကို အသေးနဲ့ အလတ်စားဆိုပြီး ထုတ်ပေးထားပါတယ်။ ကြိုးသိုင်းအိတ်တွေကတော့ အသေးရော အကြီးပါ တန်ဖိုးအားဖြင့် စင်ကာပူဒေါ်လာ (၂၈.၉၀) ရှိတယ်လို့ သိရပါတယ်။

Ref: Starbucks S’pore releasing Iconic Siren bag collection inspired by their own paper bags on Jan. 13

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top