2019 Stevie International Business Awards ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် အူရီဒူးမြန်မာမှ ဆုတံဆိပ် ၂ ခုဆွတ်ခူးရရှိခဲ့

Ooredoo-Myanmar-Stevie-2019-Awards-Final.jpg

အူရီဒူးမြန်မာသည် မကြာသေးမီက ကျင်းပပြီးစီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွက် Stevie International Business Awards (IBAs) ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ဂုဏ်သိက္ခာကြီးမားသော ဆု ၂ ဆု ဖြစ်သည့် တစ်နှစ်တာ လူမှုအကျိုးပြုလုပ်ငန်း (Corporate Social Responsibility Program of the year) အတွက် ငွေတံဆိပ်ဆု နှင့် တစ်နှစ်တာ ဆန်းသစ်တီထွင်မှုအရှိဆုံး ကုမ္ပဏီ (Most Innovative Company of the Year) အတွက် ကြေးတံဆိပ်ဆု များအား ဆွတ်ခူးရရှိခဲ့ကြောင်း ကြေညာခဲ့သည်။ The Stevie Awards ဆုချီးမြှင့်ပွဲ အခမ်းအနားများအား ကမ္ဘာတဝန်းရှိ ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များနှင့် လူ့အသိုင်းအဝန်းအတွက် ကူညီထောက်ပံ့မှုများကို အသိအမှတ်ပြု ဂုဏ်ပြုလိုသည့် ရည်ရွယ်ချက်ဖြင့် နှစ်စဉ် ကျင်းပ ပြုလုပ်လေ့ရှိသည်။

အူရီဒူးမြန်မာ၏ ရေရှည်အကျိုးရှိစေသော လူမှုအကျိုးပြုလုပ်ငန်းများသည် လူမှုအသိုင်းအဝန်းအတွက် အပေါင်း လက္ခဏာဆောင်သော သက်ရောက်မှုများအား ဖြစ်ထွန်းစေခဲ့သည့်အပြင် နိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေးပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကိုလည်း အထောက်အကူ ဖြစ်စေခဲ့သည့်အတွက် ၂၀၁၉ ခုနှစ်အတွက် Stevie IBAs ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် တစ်နှစ်တာ လူမှုအကျိုးပြုလုပ်ငန်းအတွက် ငွေတံဆိပ်ဆု အား ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။

အူရီဒူးမြန်မာ၏ ရေရှည်အကျိုးရှိစေသော လူမှုအကျိုးပြုလုပ်ငန်းများ

“မိနစ်များများပြောလေ၊ အူရီဒူးမှ များများလှူလေ” အမည်ရှိ မည်သူမဆို ပါဝင်ကူညီနိုင်သော လူမှုအကျိုးပြုလုပ်ငန်းကိုလည်း ဆောင်ရွက်ခဲ့ပြီး သတ်မှတ်ထားသော အချိန်ကာလအတွင်း ဖုန်းခေါ်ဆိုမှုများမှ ရရှိသော ဝင်ငွေထဲမှ လူမှုအကျိုးပြုလုပ်ငန်းများထံ လှူဒါန်းပေးခဲ့သည်။ အဆိုပါ အစီအစဉ်မှတဆင့် ဘုန်းတော်ကြီးသင် စာသင်ကျောင်းများအား အဓိကထားပြီး ပညာရေးကဏ္ဍအတွင်း လိုအပ်နေသော ကူညီထောက်ပံ့မှုများအတွက် မြန်မာငွေကျပ် ၁.၂ ဘီလီယံအထိ လှူဒါန်းပေးနိုင်ခဲ့ပြီး ဖြစ်သည်။ ဘုန်းတော်ကြီးသင် စာသင်ကျောင်းများသည် ယခုလက်ရှိ ခေတ်မီပညာရေးစနစ်များ မပေါ်ပေါက်မီ လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာ ကတည်းကပင် မြန်မာနိုင်ငံ ပညာရေး ကဏ္ဍ၏ အဓိကအခြေခံအုတ်မြစ် ဖြစ်ခဲ့ပြီး ယခုအချိန်အထိပင် နိုင်ငံတွင်းရှိ ဖွံ့ဖြိုးတိုးတက်မှုအားနည်းသော နေရာဒေသများ၏ အဓိက ပညာရေး အရင်းအမြစ်များ အဖြစ်လည်း ရှိနေဆဲ ဖြစ်သည်။

ဘုန်းတော်ကြီးသင် စာသင်ကျောင်းများသည် ယခုလက်ရှိတွင် ကျောင်းသူကျောင်းသားပေါင်း ၃၀၀,၀၀၀ ကျော်အား ပညာသင်ကြားပေးလျက်ရှိသည်။ သို့ဖြစ်၍ အဆိုပါ စာသင်ကျောင်းများတွင် လိုအပ်နေသည့် အခြေခံအဆောက်အအုံများအတွက် ကူညီထောက်ပံ့မှုများ ပေးအပ်နေသည့်အပြင် အခမဲ့ပညာရေးများ သင်ကြားပေးနေသည့် အခြားသော လူမှုအကျိုးပြုနေရာများအတွက်လည်း ကူညီထောက်ပံ့မှုများ ပေးအပ်လျက်ရှိသည်။ ဤစီမံကိန်းမှတဆင့် အူရီဒူးမြန်မာသည် လက်ရှိအချိန်ထိ မြန်မာနိုင်ငံတဝန်းတွင် စာသင်ကျောင်း အဆောက်အအုံပေါင်း ၃၆ ဆောင် အပါအဝင် ပညာရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်ပေါင်း ၅၅ ခုအား ကူညီထောက်ပံ့မှုများ ပေးအပ်နိုင်ခဲ့ပြီး ဖြစ်သည်။ မြန်မာနိုင်ငံတဝန်းရှိ လူမှုအသိုင်းအဝန်းအတွက် အကောင်းမွန်ဆုံးသော ဝန်ဆောင်မှုများ၊ အကျိုးကျေးဇူးများအား ပေးအပ်သွားနိုင်ရန် ၎င်း၏ တစ်စိုက်မတ်မတ် ကြိုးပမ်းအားထုတ်မှုများအတွက်လည်း ၂၀၁၉ ခုနှစ်အတွက် တစ်နှစ်တာဆန်းသစ်တီထွင်မှုအရှိဆုံး ကုမ္ပဏီ အတွက် ကြေးတံဆိပ်ဆု ကိုလည်း ဆွတ်ခူးရရှိခဲ့သည်။

အူရီဒူးမြန်မာမှ ပေးအပ်သည့် ဆန်းသစ်သော မိုဘိုင်းဝန်ဆောင်မှုများ

– အူရီဒူး၏ 4G မိုဘိုင်းကွန်ရက်သည် မြန်မာနိုင်ငံတဝန်းရှိ မြို့နယ်ပေါင်း ၃၀၀ ကျော်သို့ ဖြန့်ကြက် လွှမ်းခြုံနိုင်ခဲ့ပြီး ဖြစ်သည်။ 4G ကွန်ရက်သည် မြန်မာနိုင်ငံ၏ အမြန်ဆန်ဆုံးသော 4G ကွန်ရက်အဖြစ်လည်း Ookla အဖွဲ့၏ အသိအမှတ်ပြုခြင်းကို ရရှိခဲ့သည်။

– 5G ဆက်သွယ်ရေး စင်တာကိုလည်း ရန်ကုန်နည်းပညာတက္ကသိုလ်တွင် စတင်တည်ထောင်ပေးခဲ့ပြီး အဆိုပါ တက္ကသိုလ်မှ ကျောင်းသားကျောင်းသူများ သင်ကြားလေ့လာနိုင်ရန် အတွက် အဆင့်မြင့် 5G စက်ပစ္စည်း ကိရိယာများ၊ သင်ရိုးညွှန်းတမ်းများနှင့် အလုပ်သင် အစီအစဉ်များကိုလည်း ၎င်း၏ မိတ်ဖက်ကွန်ရက် အဖွဲ့အစည်းများနှင့် လက်တွဲ၍ စီစဉ်ပေးအပ်လျက် ရှိသည်။

– အူရီဒူးမြန်မာသည် လယ်သမားများနှင့် ကျေးလက်ဒေသများရှိ ပြည်သူလူထုများ၏ နေ့စဉ်ဘဝများ ပိုမိုအဆင်ပြေ လွယ်ကူမှုရှိစေရန် ဒီဂျစ်တယ်ပိုင်းဆိုင်ရာ ဖြေရှင်းချက်တစ်ရပ်ဖြစ်သည့် “အူရီဒူးစွယ်စုံ” ဝန်ဆောင်မှုကိုလည်း ပေးအပ်လျက်ရှိသည်။

– အူရီဒူးသည် ၂၀၁၈ ခုနှစ် ဖီဖာကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးအား My Ooredoo App မှတဆင့် ကြည့်ရှုခွင့် ရရှိစေရန် လုပ်ဆောင်ပေးခဲ့ပြီး မြန်မာနိုင်ငံတွင် မိုဘိုင်ဖုန်းမှတဆင့် ကြည့်ရှုခွင့်ရရှိစေရန် လုပ်ဆောင်ပေးနိုင်သည့် ပထမဦးဆုံး ဆက်သွယ်ရေးအော်ပရေတာအဖြစ် ရပ်တည်နိုင်ခဲ့သည်။

နိုင်ငံတကာ Stevie IBAs ဆုချီးမြှင့်ပွဲများအား ကမ္ဘာတဝန်းမှ မည်သည့် ကုမ္ပဏီအမျိုးအစား၊ အရွယ်အစားမျိုးမဆို ဝင်ရောက် လျှောက်ထားနိုင်ပြီး ၂၀၁၉ ခုနှစ်အတွက် ဆုချီးမြှင့်ပွဲတွင် နိုင်ငံပေါင်း ၇၄ နိုင်ငံရှိ အဖွဲ့အစည်းများမှ လျှောက်ထားမှုပေါင်း ၄,၀၀၀ ကျော်အား လက်ခံရရှိခဲ့သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top