မင်္ဂလာဦးည ဂုဏ်ပြုညစာစားပွဲ သွားရာလမ်းမှာ ကြင်စဦး ဆရာဝန်လင်မယားက ဒဏ်ရာရနေတဲ့ ဆိုင်ကယ်သမားကို ကူညီပေးခဲ့

yyl-068.jpg

ထိုင်းနိုင်ငံကို အလည်အပတ်လာတဲ့ ဆရာဝန်စုံတွဲဟာ လူ့အသက် ကယ်တင်ပေးတဲ့ သူတို့ရဲ့အလုပ်ကို ဘယ်လောက်အထိ စိတ်နှစ်ထားလဲဆိုတာ ကမ္ဘာကသိအောင် သက်သေပြခဲ့ပါတယ်။ ထိုင်းနိုင်ငံ ခရာဘီပြည်နယ်မှာ မင်္ဂလာပွဲကျင်းပခဲ့တဲ့ ဂျိုနသန်နဲ့ ဆာရာတို့ဟာ ဂုဏ်ပြုညစာစားပွဲ ကျင်းပမယ့် ဟိုတယ်ကို သွားနေတဲ့ လမ်းမှာ မတော်တဆမှုကြောင့် ဆိုင်ကယ်သမားတစ်ယောက် ဒဏ်ရာရနေတာ မြင်လိုက်ရပါတယ်။ ဆိုင်ကယ်သမားက ထရပ်ကားနဲ့တိုက်မိလို့ လမ်းပေါ်လဲကျသွားခဲ့ပြီး ဘယ်ဘက်ခြေထောက် ကျိုးသွားခဲ့ပါတယ်။

ဒီဖြစ်ရပ်ကို မြင်တွေ့လိုက်တဲ့ ကြင်စဦး ဆရာဝန်လင်မယားက အခင်းဖြစ်ပွားရာကို အပြေးအလွှား သွားပြီး ဒဏ်ရာရနေတဲ့ ဆိုင်ကယ်သမားကို ရှေးဦးသူနာပြုစုနည်းနဲ့ ပြုစုပေးခဲ့ပါတယ်။ ဂျိုနသန်က ဒဏ်ရာရနေသူရဲ့ခေါင်းကို ထူပေးထားချိန်မှာ သတို့သမီးဝတ်စုံ ဝတ်ဆင်ထားတဲ့ ဆာရာကလည်း ကားတွေကို ရှောင်ကွင်းသွားကြဖို့ အချက်ပြခဲ့ပါတယ်။ သူတို့က ခရာမီကယ်ဆယ်ရေးအဖွဲ့ ရောက်လာအောင် စောင့်ပေးခဲ့ကြပြီး လူနာရဲ့အခြေအနေကို ရှင်းပြခဲ့ပါတယ်။ အဲဒီနောက်မှာ ထိုင်းဒေသခံတွေနဲ့ မိတ်ဆက်စကားပြောခဲ့ပြီး ညစာစားပွဲကျင်းပမယ့် ဟိုတယ်ကို ဆက်သွားခဲ့ပါတယ်။ သူတို့ရဲ့ နွေးထွေးကြင်နာမှုကို ဖော်ပြတဲ့ ဓာတ်ပုံတွေက အွန်လိုင်းမှာ ပျံ့နှံ့သွားခဲ့ပြီး ထိုင်းနိုင်ငံသားတွေက သူတို့လင်မယားကို ချီးကျူးဂုဏ်ပြုကြောင်း ရေးသားဖော်ပြခဲ့ကြပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top