ကျေးဇူးတင်တဲ့အနေနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေရဲ့ကားမှာ ပန်းစည်းတွေထားပေးခဲ့တဲ့ ပန်းဆိုင်ပိုင်ရှင်

9-11-2020-yyl-012.jpg

ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကို ဆက်လက်တွန်းလှန်ပေးနေတဲ့အတွက် ပြင်သစ်လူမျိုးပန်းစည်းအလှရောင်းသူတစ်ဦးကတော့ သူတို့ကို ကျေးဇူးတင်စကားပြောတဲ့အနေနဲ့ သူတို့ရဲ့ကားတွေမှာ ပန်းစည်းတွေချန်ထားရစ်ခဲ့ပါတယ်။ မူရီရယ်လီ မာဆီနာ ဆိုတဲ့ အဲဒီအမျိုးသမီးက ပြင်သစ်နိုင်ငံတောင်ပိုင်း ပရာပီနရောမြို့ကဖြစ်ပြီး မြို့ရဲ့ Lockdown စည်းမျဉ်းအရ သူ့ရဲ့စီးပွားရေးက မဖြစ်မနေဖွင့်ရမယ့်အလုပ်မဟုတ်တဲ့အတွက် ပန်းစည်းတွေရောင်းဖို့အတွက် ပန်းဆိုင်ကို ဖွင့်ခွင့်မရခဲ့ဘဲ ပိတ်ထားခဲ့ရတာပါ။

ပန်းဆိုင်က သူ့ရဲ့ပန်းစည်းတွေကို ဒီအတိုင်းထားရင် ပျက်စီးတော့မှာဖြစ်တဲ့အတွက် ပန်းစည်းတွေကို လွတ်ပစ်ရမယ့်အစား ပရာပီနရောမြို့ဆေးရုံက ဝန်ထမ်းတွေကို ကျေးဇူးတင်တဲ့အနေနဲ့ လက်ဆောင်အဖြစ် ပေးဖို့ မူရီရယ်လီက ဆုံးဖြတ်ခဲ့ပါတယ်။ “ကျွန်မ ဆုံးဖြတ်ချက်တစ်ခုချခဲ့တယ်။ ပန်းတွေကို အလဟဿမဖြစ်စေချင်ဘူး။ ကျွန်မ ငိုနေမယ့်အစား အခြားသူတွေပြုံးသွားအောင်လုပ်ဖို့ ကျွန်မကိုယ်ကျွန်မ ပြောခဲ့တယ်” လို့ သူက ဆိုပါတယ်။

အဲဒီလိုနဲ့ မူရီရယ်လီက ဆေးရုံကားပါကင်မှာ ရပ်ထားတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေရဲ့ကားမှာ ပန်းစည်းတွေကို သွားထားခဲ့ပါတယ်။ COVID-19 ဒုတိယလှိုင်းကြောင့် ဆေးရုံတက်နေတဲ့လူနာတွေကို ကုသပေးနေတဲ့ သူတို့ကို အထောက်အပံ့ပေးနိုင်မယ်လို့ မျှော်လင့်နေတာပါ။ သူ့ရဲ့လုပ်ရပ်ကို ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက သတိပြုမိခဲ့ပြီး သူတို့ဆီကနေလည်း ကျေးဇူးတင်စကားကြားခဲ့ရတယ်လို့ မူရီရယ်လီက ဆိုပါတယ်။

“အခုလိုအချိန်အခါမျိုးမှာ ကျွန်မရဲ့ပန်းစည်းတွေက အထောက်အပံ့ဖြစ်စေတဲ့အတွက် ကျွန်မကို သူတို့ကျေးဇူးတင်ခဲ့ပါတယ်။ သူတို့ ဒါကို လိုအပ်တယ်။ အချင်းချင်း ထောက်ပံ့ပေးရမယ်၊ အချင်းချင်း စိတ်ဆိုးဒေါသမထွက်ရပါဘူး” လို့ မူရီရယ်လီက ပြောပါတယ်။

အခုဆိုရင် ပြင်သစ်နိုင်ငံက ကပ်ရောဂါစဖြစ်ပွားခဲ့တာကစပြီး ကိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ (၁) သန်းကျော်သွားခဲ့ပြီး ကမ္ဘာ့ကူးစက်ခံရဆုံးနိုင်ငံတွေထဲမှာ (၅) နေရာမှာ ရပ်တည်နေပါတယ်။

Ref: Ladbible “Florist Forced To Close Due To Lockdown Gives Unsold Bouquets To Hospital Staff”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top