ကိုရိုနာဗိုင်းရပ်စ်သစ်ကို ဘယ်လိုလူတွေ ပိုပြီးကူးစက်နိုင်သလဲ

yyl-021-10.jpg

ကိုရိုနာဗိုင်းရပ်စ်သစ်ဟာ ကမ္ဘာတစ်ဝှမ်းက နိုင်ငံတော်တော်များများမှာ ပျံ့နှံ့နေတဲ့အတွက် တရုတ်က ကိုရိုနာဗိုင်းရပ်စ်အသစ်နဲ့ပတ်သက်တဲ့ ဒေတာအသစ်ကို ထုတ်ပြောပြခဲ့ပါတယ်။ အဲဒါကတော့ အသက်သေဆုံးစေနိုင်တဲ့ဗိုင်းရပ်စ်အသစ်ကို အသက်အရွယ်ကြီးတဲ့သူတွေနဲ့ ဖျားနာတဲ့သူတွေ ပိုပြီးကူးစက်နိုင်တယ်ဆိုတာပါပဲ။

ကိုရိုနာဗိုင်းရပ်စ်သစ်ကူးစက်ခံရသူ (၇၀၀၀) ကျော်ကို လေ့လာစမ်းသပ်ပြီးတဲ့နောက်မှာ တရုတ်နိုင်ငံက ကျန်းမာရေးအဖွဲ့အစည်းက ဒေတာတွေကို ထုတ်ပြခဲ့တာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်ခံရတဲ့လူ (၈၀)ရာခိုင်နှုန်းကျော်က ဖျားနာတဲ့သူတွေနဲ့ အသက်ကြီးတဲ့သူတွေဖြစ်ပါတယ်။ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကလည်း ဗိုင်းရပ်စ်ကို ပိုပြီးကူးစက်နိုင်တယ်လို့ Chinese Centre for Disease Control and Prevention ရဲ့ဒေတာတွေအရ သိရပါတယ်။ ဖေဖော်ဝါရီ ၁၁ ရက်နေ့အထိ တရုတ်နိုင်ငံတစ်ဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ (၇၂၃၁၄) ကို လေ့လာစမ်းသပ်ထားတဲ့ အသေးစိတ်ဒေတာတွေကို Chinese Journal of Epidemiology မှာ ထုတ်ဝေထားပါတယ်။

လေ့လာချက်က အောက်ပါအရာတွေကိုလည်း ထုတ်ဖော်ထားပါတယ်။

– ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ၈၀. ၉ ရာခိုင်နှုန်းလောက် မပြင်းထန်ပါဘူး။ ၁၃.၈ ရာခိုင်နှုန်းက ပြင်းထန်ပြီး ၄.၇ ရာခိုင်နှုန်းကသာ စိုးရိမ်ရတဲ့အခြေအနေဖြစ်ပါတယ်။

– အားလုံးထဲမှာမှ သေဆုံးမှုအမြင့်ဆုံးနှုန်းက အသက် ၈၀ နဲ့ အသက်ပိုကြီးတဲ့သူတွေဖြစ်ပါတယ်။

– အသက် (၉) နှစ်အောက် ကလေးတွေက ဒီဗိုင်းရပ်စ်ကို ကူးစက်မခံရပါဘူး။ အသက် (၃၉)ထိက သေဆုံးမှုနှုန်းက ဝ.၂ ရာခိုင်နှုန်းသာဖြစ်ပါတယ်။

– အသက် (၃၉) နှစ်နောက်ပိုင်းမှာတော့ သေဆုံးမှုနှုန်းက တဖြည်းဖြည်းနဲ့ တိုးလာပါတယ်။

– အမျိုးသားတွေက အမျိုးသမီးတွေနဲ့ယှဉ်ရင် သေဆုံးနိုင်ခြေပိုများပါတယ်။

CCDC ရဲ့ဒေတာတွေအရ ကျန်းမာရေးဝန်ထမ်း စုစုပေါင်း (၃၀၁၉) ဦးက အခုထိ ဗိုင်းရပ်စ်သစ်ကူးစက်ခံထားရပြီး အားလုံးထဲမှာမှ ငါးဦးကတော့ အသက်ဆုံးရှုံးသွားခဲ့ပါတယ်။ အခုဆိုရင် တရုတ်နိုင်ငံနဲ့ အခြားနိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် သေဆုံးသူ (၂၀၀၀) ကျော်ရှိနေပါပြီ။ ဗိုင်းရပ်စ်သစ်စတင်ဖြစ်ပွားရာ ဝူဟန်မြို့ရဲ့ဟူပိုင်ပြည်နယ်မှာ ဒီဗိုင်းရပ်စ်သစ်ရဲ့သက်ရောက်မှုဟာ အဆိုးရွားဆုံးပါပဲ။ အခုအချိန်ထိတော့ ကိုရိုနာဗိုင်းရပ်စ်သစ်ကူးစက်ခံရမှုနှုန်းနဲ့ သေဆုံးမှုနှုန်းဟာ မြင့်တက်လျက်ရှိပါတယ်။

Ref: Coronavirus: Study reveals elderly and sick people are more prone to infection

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top