ကလေးတွေ ကုတင်ပေါ်ကပြုတ်ကျရင် ဘယ်လိုလုပ်မလဲ

yyl-2-10-001.jpg

အထိခိုက်မခံတဲ့၊ နုနယ်တဲ့ကလေးတွေကို ဂရုစိုက်ရတာ တကယ်တော့ မလွယ်ကူလှပါဘူး။ ကလေးပေါက်စလေးတွေကို ဘယ်လိုထိခိုက်မှုမျိုးမှ မဖြစ်အောင် တစ်ချိန်လုံး မျက်ခြေမပျက် စောင့်ကြည့်ရတဲ့အတွက် တာဝန်ကြီးပါတယ်။ မွေးကင်းစကလေးတွေက သူ့ဘာသာ ဘယ်မှမရွေ့နိုင်ဘူးဆိုရင်တောင် ကုတင်ပေါ်မှာ တစ်ယောက်တည်းထားခဲ့လို့ရမယ်လို့ ယုံကြည်ထားလို့မရပါဘူး။ ကလေးတွေက ခြေထောက်၊လက်တွေက ယိမ်းယိုင်မှုရှိတဲ့အတွက် ကုတင်ပေါ်တွေက ပြုတ်ကျကောင်းပြုတ်ကျနိုင်ပါတယ်။

သင့်ကလေး ကုတင်ပေါ်ကပြုတ်ကျရင် ဘယ်လိုလုပ်မလဲ

သင့်ကလေးကို သေချာစောင့်ကြည့်ပြီး ဂရုစိုက်ရင်တောင် ကလေးက ပြုတ်မကျနိုင်၊ ထိခိုက်ဒဏ်ရာမရနိုင်ဘူးလို့ တထစ်ချမှတ်ယူထားလို့မရပါဘူး။ သင်က ကလေးအတွက် နို့ဗူးယူနေတုန်း ကုတင်ပေါ်က ပြုတ်ကျသွားကောင်းသွားနိုင်ပါတယ်။ တကယ်လို့သာ အဲလိုဖြစ်လာမယ်ဆိုရင် ဘယ်လိုတွေလုပ်ရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

ပြင်းပြင်းထန်ထန်ထိခိုက်မိလားစစ်ဆေးကြည့်ပါ

ကလေးပြုတ်ကျသွားရင် ဖြည်းဖြည်းသာသာလေး ကလေးကို ကိုင်ပြီး ခေါင်းမှာသွေးထွက်မထွက်ကြည့်ပေးရမှာဖြစ်ပါတယ်။ ကလေးက အဆင်ပြေတယ်ဆိုရင်တောင် အရေးပေါ်ဆေးကုခန်းကို သွားပြတာ၊ ဆရာဝန်ကို ခေါ်တာဖြစ်ဖြစ်လုပ်ဖို့ အရေးကြီးပါတယ်။

ကလေးကို စောင့်ကြည့်ပေးပါ

ပြင်းပြင်းထန်ထန်ထိခိုက်မှုရှိမရှိသေချာအောင် ကလေးကို (၂၄) နာရီစောင့်ကြည့်ပေးသင့်ပါတယ်။

အရေးပေါ်ဆေးကုခန်းသွားဖို့လိုတဲ့အခါ ဆေးကုသမှုခံယူဖို့လိုအပ်တဲ့ သေချာတဲ့အခြေအနေတွေရှိပါတယ်။ အဲဒီအြခေအနေတွေထဲက တချို့က

သတိမေ့မျောတာ
သွေးထွက်များတာ
အရိုးကျိုးတဲ့လက္ခဏာရပ်တွေ
ဦးခေါင်းခွံအက်တာ
ခေါင်းထိခိုက်ပြီး သတိမေ့တာ
အသည်းအသန်ငိုကြွေးတာ

သင့်ကလေး ပြုမှုတာ အရင်လိုမဟုတ်ဘူးလို့ သတိထားမိရင် ချက်ချင်းဆေးကုသဖို့ လုံလောက်တဲ့အကြောင်းတစ်ခုပါပဲ။ ကလေးတွေ ထိခိုက်မိရင် လက္ခဏာရပ် ချက်ချင်းမပြဘူးဆိုတာ မိဘတွေက မှတ်ထားရမှာပါ။ ကလေးက အိပ်စက်မှုနည်းတာ၊ ပုံမှန်ထက်ပိုပြီးငိုနေရင် ဂရုစိုက်ဖို့လိုပါတယ်။ ပြုတ်ကျပြီးနောက် ဆိုးကျိုးတွေမဖြစ်အောင် ချက်ချင်းသိပြီး ဆေးကုသတာက အကောင်းဆုံးဖြစ်မှာဖြစ်ပါတယ်။

Ref: What to do if your baby falls off the bed?

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top