သက်သတ်လွတ်စားမယ်ဆိုရင် ဒီအစားအစာတွေပါဝင်အောင်စားပါ

16-10-2020-yyl-037.jpg

ရိုးရာလေးစာဖတ်ပရိသတ်တွေရော သက်သတ်လွတ်စားကြလား။ တချို့လူတွေကတော့ ဟင်းသီးဟင်းရွက်စားရတာမကြိုက်ဘဲ အသားစားရတာကို ပိုခုံမင်ကြပါတယ်။ တချို့ကျတော့ အသားစားရတာမကြိုက်လို့ ဟင်းသီးဟင်းရွက်ပဲစားဖြစ်ကြပါတယ်။ အခုဆိုရင် အသားစားဖြစ်ကြတဲ့လူအများစုက ကျန်းမာရေးအခြေအနေကြောင့် ဟင်းသီးဟင်းရွက်ကိုပါ စားလာကြရပါတယ်။ ဟင်းသီးဟင်းရွက်များများစားပေးတာ၊ သက်သတ်လွတ်စားပေးတာက နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာရောဂါတွေလို ကျန်းမာရေးပြဿနာတွေဖြစ်နိုင်ချေကို လျော့ချပေးနိုင်ပါတယ်။ ဒါပေမဲ့ သက်သတ်လွတ်စားမယ်ဆိုရင် အာဟာရဓာတ်ပြည့်ဝစွာစားပေးဖို့ အရေးကြီးပါတယ်။ အာဟာရပြည့်ဝစွာမစားသုံးဘူးဆိုရင် ပရိုတင်း၊သံဓာတ်၊ ဗီတာမင်ဒီဓာတ်တွေလို အာဟာရဓာတ်တချို့ ချို့တဲ့တာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သက်သတ်လွတ်စားမယ်ဆိုရင် အာဟာရဓာတ်ချို့တဲ့တာတွေ မဖြစ်ဖို့အတွက် တစ်နေ့တာကို ဒီအစားအစာတွေပါဝင်အောင် စားသုံးပေးသင့်ပါတယ်။

အယ်မွန်စေ့

ဗီတာမင်အီ၊ မဂ္ဂနီစီယမ်၊ ပရိုတင်းနဲ့ ရီဗိုဖလာဗင် (Riboflavin)၊ ဇင့်စ်ဓာတ်အပါအဝင် အာဟာရ (၂၅) မျိုး ကြွယ်ဝစွာပါဝင်ပါတယ်။ အယ်မွန်စေ့က ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးဖို့ အန်တီအောက်စီဒန့်အဖြစ် လုပ်ဆောင်တဲ့ ဗီတာမင်အီဓာတ်လည်းကြွယ်ဝပါတယ်။ ဗီတာမင်အီဓာတ်ကလည်း ဘတ်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကြောင့်ဖြစ်တတ်တဲ့ ကူးစက်ရောဂါတွေရဲ့အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် သက်သတ်လွတ်စားမယ်ဆိုရင် တစ်နေ့တာအစားအစာမှာအယ်မွန်စေ့ပါဝင်အောင် စားပေးသင့်ပါတယ်။

အရွက်များတဲ့အစိမ်းရောင်ဟင်းသီးဟင်းရွက်

အရွက်များတဲ့အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေက အာဟာရဓာတ်သိပ်သည်းစွာပါဝင်တဲ့အပြင် ကယ်လိုရီဓာတ်လည်းနည်းပါးပါတယ်။ အဲဒီလိုဟင်းသီးဟင်းရွက်တွေက ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိပါတယ်။ တစ်နေ့တာအစားအစာမှာ ကိုက်လန်၊ ဟင်းနုနွယ်ရွက်တွေလို အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေပါဝင်အောင် စားသုံးပေးသင့်ပါတယ်။


ပဲနီလေး

သက်သတ်လွတ်စားမယ်သူတွေက တစ်နေ့တာအစားအစာမှာ ပဲနီလေးပါဝင်အောင် စားသုံးပေးသင့်ပါတယ်။ လူတော်တော်များများက ပဲနီလေးကို မစားသုံးဖြစ်ကြတာများပါတယ်။ ပဲနီလေးက အမျှင်ဓာတ်နဲ့ ပရိုတင်းတွေ ကြွယ်ဝပါတယ်။ ဗီတာမင်ဓာတ်နဲ့ သံဓာတ်တွေရဲ့အရင်းအမြစ်လည်းဖြစ်ပါတယ်။ ပဲနီလေးကို လူတော်တော်များများက အဝါ၊ အနီ၊ အစိမ်း၊ အညိုတွေလိုသူတို့ရဲ့အရောင်တွေပေါ်လိုက်ပြီး အမျိုးအစားခွဲကြပါတယ်။ ပဲနီလေးက ချက်ပြုတ်ပြင်ဆင်ရတာလည်းလွယ်ကူပါတယ်။ အသားစားသုံးတာကို ရပ်တန့်ပစ်တော့မယ်ဆိုရင် ပဲနီလေးစားသုံးဖို့ ပိုပြီးတော့တောင် အရေးကြီးလာပါတယ်။

Ref: foods that you must include in your diet if you are planning to turn vegetarian

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top