ဂျင်းဘောင်းဘီတွေကို အရောင်မကျွတ်အောင် ဘယ်လိုလျှော်မလဲ

41891534_583705242044664_2276674413132775424_n.jpg

ဖက်ရှင်ဒီဇိုင်းတွေ ဘယ်လောက်ပဲပြောင်းပြောင်း ဂျင်းဘောင်းဘီ၊ ဂျင်းအကျီ၊ ဂျင်းဂျတ်ကတ်တွေကတော့ ဟိုးအရင်ခေတ်ထဲကနေ အခုခေတ်ထိ မပြောင်းလဲဘဲ ခေတ်ရေစီးထဲမှာ မျောပါနေစမြဲပါပဲ။ အထူးသဖြင့် ဂျင်းဘောင်းဘီတွေက ယောင်္ကျား၊ မိန်းမ၊ အသက်အရွယ်မရွေး

ကြိုက်နှစ်သက်ကြတဲ့ အဝတ်အထည် အမျိုးအစားတစ်ခုလည်းဖြစ်ပါတယ်။ ဂျင်းဘောင်းဘီကောင်းကောင်းတစ်ထည်ဝယ်ထားရင် မဝတ်ချင်ရလောက်အောင်၊ မေ့လောက်အောင် ဝတ်ရတတ်ပါတယ်။ ဂျင်းဘောင်းဘီတစ်ထည်ရဲ့ အရည်အသွေးက အဓိကအားဖြင့် အရောင်အသွေးပေါ်မူတည်ပါတယ်။ ဂျင်းဘောင်းဘီဘယ်လောက်ကောင်းကောင်း မလိုအပ်ဘဲ ခဏခဏလျှော်နေမယ်၊ နည်းလမ်းအမှားတွေသုံးပြီးလျှော်နေမယ်ဆိုရင်တော့ သင့်ဂျင်းဘောင်းဘီရဲ့အရောင်က တဖြည်းဖြည်းမှိန်သွားမှာ အသေအချာပါပဲ။ ဂျင်းဘောင်းဘီတွေကို လျှော်ဖွပ်တဲ့အခါ အဓိကအားဖြင့် အရောင်မကျစေဖို့ ဆောင်ရန်ရှောင်ရန်များကို သတိပြုမိအောင် ဖော်ပြပေးလိုက်ပါတယ်။

ဂျင်းဘောင်းဘီတွေလျှော်တော့မယ်ဆိုရင် များသောအားဖြင့် ဆပ်ပြာရည်နဲ့ ဦးစွာပထမစိမ်ကြပါတယ်။ ရှာလကာရည်အနည်းငယ်နဲ့ ဆားအနည်းငယ်ကို ရေနဲ့ရောပြီး ဆပ်ပြာရည်မလောင်းချခင် ဂျင်းဘောင်းဘီကို အရင်ဦးဆုံး နှံစပ်အောင် နယ်ပေးပါ။ ပြီးမှ ဆပ်ပြာထည့်ပါ။ အခုလိုပြုလုပ်ခြင်းက အရောင်ပြန့်လွင့်ခြင်းကိုကာကွယ်စေပြီး သင့်ရဲ့ဂျင်းတွေကို နဂိုအရောင်အတိုင်း တောက်ပနေစေမှာပါ။ ဆပ်ပြာမှုန့်တွေကိုအသုံးပြုခြင်းထက် ဆပ်ပြာခရင်၊ ဆပ်ပြာရည်တို့ကို ရွေးချယ်အသုံးပြုသင့်ပါတယ်။ ဂျင်းဘောင်းဘီတွေကို လျှော်တော့မယ်ဆိုရင် အဝတ်လျှော်စက်အသုံးပြုခြင်းထက် သမရိုးကျအတိုင်း လက်နဲ့လျှော်ဖွတ်ခြင်းက အညစ်အကြေးများကို ပိုမိုပြောင်စင်စေပါတယ်။

အချို့က ဘတ်တီးရီးယားပိုးမွှားတွေသေစေဖို့ ရေနွေးကို အသုံးပြုပြီး လျှော်ဖွပ်ကြပါတယ်။ အဲဒီလိုမျိုးအသုံးပြုတဲ့အခါမှာလည်း အပူချိန် ၁၀၅ ဒီဂရီဖာရင်ဟိုက်ထက် ကျော်လွန်တဲ့ ရေပူတွေက သင့်ရဲ့ ဂျင်းတွေကို အရောင်မှိန်စေနိင်ပါတယ်။

လျှော်ဖွပ်တဲ့အခါ ဂျင်းဘောင်းဘီအသားအချင်းချင်း ပွတ်တိုက်ခြင်းကိုရှောင်ကြဉ်သင့်ပြီး ဘရပ်ရှ်အနုလေးတွေကိုသာ အသုံးပြုပြီး လျှော်ဖွပ်သင့်ပါတယ်။

လျှော်ဖွပ်ပြီး အခြောက်ခံရာမှာလည်း အဝတ်လျှော်စက်ရဲ့ အခြောက်ခံစက်တွေက သင့်ရဲ့ဂျင်းဘောင်ဘီတွေရဲ့ ချုပ်ရိုးချုပ်သားတွေကို ကျယ်လာ၊ ရှည်လာနိင်စေတာကြောင့် သဘာဝလေ၊ နေရောင်ခြည်တို့နဲ့ ခြောက်သွေ့စေခြင်းက အကောင်းဆုံးဖြစ်ပါတယ်။

တကယ်လို့များ သင်က လျှော်ဖွပ်ပြီးသား ဂျင်းဘောင်းဘီတွေကို မီးပူတိုက်ဖို့အချိန်မရဘူးဆိုရင်လည်း ရေအနည်းငယ်ဖြန်းပြီး လိပ်ထားလိုက်ရင် တွန့်ကြေခြင်းကနေ ကင်းဝေးစေနိင်ပါတယ်။

Ref: Bright Side “Fatal Mistakes We Often Make When Washing Our Jeans”

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top