နေရောင်မထိုးအောင် ကာကွယ်နိုင်စွမ်းရှိတဲ့ အာဖရိကကျားသစ်(Cheetah) မျက်ရည်စီးကြောင်းရာ

20-7-2022-19.jpg

အာဖရိကကျားသစ်တွေရဲ့ မျက်ရည်စီးကြောင်းရာဟာ သူ့မျက်လုံးတွေကို နေမထိုးအောင် ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ (အမေရိကန်ဖွတ်ဘော ကစားသမားတချို့ မျက်လုံးအောက်မှာ အနက်ရောင်ခြယ်သကြတာ အဲဒါကြောင့်ပါပဲ)
အာဖရိကကျားသစ်တွေဟာ နေ့ဘက်မှာ အမဲလိုက်ထွက်လေ့ရှိပြီး ညဘက်ထက်စာရင် နေ့ဘက်မှာ အမြင်အာရုံ ပိုအားကောင်းပါတယ်။

ဘာကြောင့်လဲဆိုတော့ အာဖရိကကျားသစ်တွေဟာ တခြားကြောင်မျိုးစိတ်ဝင်တွေနဲ့ နှိုင်းယှဉ်ရင် သူတို့ရဲ့ မြင်လွှာမှာ ပုံရိပ်ဖမ်းယူတဲ့ ထုချွန်ပုံပုံရိပ်ဖမ်းဆဲလ် (အလင်းရောင်ရချိန်မှာ အလုပ်လုပ်) ပိုများပြီး၊ တုတ်ချောင်းပုံ ပုံရိပ်ဖမ်းဆဲလ် (အမှောင်မှာ အလုပ်လုပ်) ပိုနည်းလို့ပါပဲ။

နေ့ဘက်မှာဆို အာဖရိကကျားသစ်တွေက သားကောင်ကို ၅ ကီလိုမီတာ ( ၃.၁ မိုင်) အကွာအဝေးကနေတောင် လှမ်းမြင်နိုင်ပြီး သူတို့ရဲ့မြင်ကွင်းအကျယ်အဝန်းက ၂၁၀ ဒီဂရီအထိ (လူသားတွေရဲ့မြင်ကွင်းကျယ်ဝန်းမှုက ၁၄၀ ဒီဂရီသာ ရှိ) ရှိပါတယ်။

Ref: For Cheetahs Speed Is Important, but So Is Eyesight

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top