ကမ္ဘာကြီးပေါ်က ထူးထူးခြားခြားအရာများ

18-2-2021-yyl-07.jpg

ကမ္ဘာကြီးက အံ့အားသင့်စရာတွေနဲ့ ပြည့်နေတယ်ဆိုတဲ့စကားမှန်တယ်လို့ ဆိုရမှာပါပဲ။ ကျွန်တော်တို့နေထိုင်နေတဲ့ကမ္ဘာကြီးမှာ ထူးဆန်းတဲ့အရာတွေ၊ အံ့အားသင့်စရာအရာတွေ ရှိနေပြီး ကျွန်တော်တို့လူသားတွေလည်း အဲဒါတွေကို မြင်တွေ့ရတဲ့အခါ၊ ကြုံတွေ့ရတဲ့အခါ အံ့အားသင့်ကြရလို့ပါပဲ။ ကမ္ဘာကြီးပေါ်မှာ ကျွန်တော်တို့မမြင်တွေ့ရသေးတဲ့ ထူးထူးဆန်းဆန်းအရာများစွာ ရှိနေပါတယ်။ ဒါကြောင့် စာဖတ်ပရိသတ်တွေမြင်တွေ့ရစေဖို့အတွက် ကမ္ဘာကြီးပေါ်မှာ မြင်တွေ့ရတဲ့ ထူးဆန်းတဲ့အရာတွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁ ရေခဲသစ်ရွက်

၂ မြင်ဖူးနေကျသစ်ကုလားအုတ်နဲ့မတူတဲ့ ရှားပါး သစ်ကုလားအုတ် (ဒီသစ်ကုလားအုတ်က အရပ်အမြင့် ၉ပေ ပဲရှိပါတယ်။ သာမန်သစ်ကုလားအုတ်တွေက အရပ်အမြင့် ၁၅ ပေ ရှိတာပါ)

၃ ဘဟားမားနိုင်ငံအနီးနားက Ocean Atlas မှာရှိတဲ့ ရေအောက်ရုပ်တုကြီး

၄ သာမန်အရွယ်အစားပန်းသီးတွေသီးတဲ့ Bonsai Apple အပင်သေးလေး

၅ အဖိုအမလိပ်ပြာ (အဲဒီလိပ်ပြာရဲ့ဘယ်ဖက်အစိတ်အပိုင်းက အမဖြစ်ပြီး ညာဘက်က အဖိုဖြစ်ပါတယ်)

၆ Indigo Milk Cap လို့ ခေါ်တဲ့ ရှားပါးအရောင်နဲ့ မှို

၇ ဆဟာရ သဲကန္တရမှာတွေ့ရှိတဲ့ နှင်းဆီပုံသဏ္ဍာန် ပုံဆောင်ခဲ

၈ သစ်ပင်တစ်ပင်ပေါ်မှာ ပေါက်နေတဲ့ သစ်ပင်တစ်ပင်

၉ (၅) နှစ်အကြာမှာ အနက်ရောင်ကနေ မီးခိုရောင်ပြောင်းသွားတဲ့မြင်း (တချို့မြင်းတွေက အနက်ရောင်အဖြစ် မွေးဖွားလာကြပေမဲ့ နောက်ပိုင်းမှာတဖြည်းဖြည်း မီးခိုရောင်အဖြစ် ပြောင်းလဲသွားကြပါတယ်)

Ref: Brightside
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top