ရေဘေးလှူဒါန်းသူတွေ သတိချပ်ဖို့ရာ

504x504-1.jpg

အခုအချိန်မှာ နံပါတ် (၁) က အသက်တွေကယ်ဖို့အရေးအကြီးဆုံး။ ပိတ်မိနေသူတွေရဲ့အသက် ကယ်ထုတ်နေသူတွေ ခါးမပြတ်ဖို့ပါ။ ရှေ့တန်းအဖွဲ့တွေကို အရင်ထောက်ပံ့ပေးပါ။ စခန်းကလူတွေကို ကိုယ်ချင်းစာပေမဲ့ အစာငတ်လို့ ချက်ချင်းကြီး အသက်အန္တရာယ်မကျရောက်နိုင်တော့ပါဘူး။

ရေဘေးဆိုတာ ရေလွတ်ရာ ကယ်ဆယ်ရေးစခန်းတွေထဲ လူထောင်သောင်းချီ စုပြုံနေရတာပါ/ ကျောတခင်းစာတောင်နေရာခက်ပါတယ်။ ဒီတော့

(၁) စားရိက္ခာ အခြောက်အခြမ်းလှူပေးပါ။

(၂) ရေဘေးနဲ့ ဝမ်းလျှော ဝမ်းပျက် အဖျားတက်တွဲလို့ ဆေးဝါးလိုပါတယ်။

(၃) အဓိကလိုအပ်တာ ငွေကြေးပါ။

(၄) ဆန်လိုအလေးချိန်များတဲ့အရာဆို သယ်ခကပစ္စည်းဖိုးထက်များတယ်။

ငွေကြေးသယ်ပြီး နီးစပ်ရာဒေသနဲ့ ချိတ်ဆက်ဝယ်ယူတာ ပိုပြီးထိရောက်မြန်ဆန် အကုန်အကျသက်သာပါတယ်။ ဒီလို ပစ္စည်းတွေတောင်မှ ပို့ဆောင်ပေးဖို့က ကားခအင်မတန်ဈေးကြီးတယ်။ တော်ယုံကား အခုလိုအချိန်မှာ မလိုက်ရဲပါ။

အရေးကြီးပို့စရာပစ္စည်းအတွက် ကားအခက်အခဲရှိရင် SUCCESS ချစ်ဝေလွင် (09 421033963) က (အခမဲ့) အကြို အပို့ တတ်နိုင်သလောက် ကူညီပေးနေပါတယ်။ ဆီဖိုး၊ လမ်းခ အခမဲ့ပါ။ ရွှေနိုင်ငံပုံနှိပ်လုပ်ငန်းစုကလည်း 14ပေ 16ပေ 18ပေ ကားတွေနဲ့ လမ်းကြေး၊ ဆီဖိုး၊ စားစရိတ် ဘာမှ ပေးစရာမလိုပါဘူး။ ဖုန်း 09 777772511
09 762243276 ကိုဆက်သွယ်နိုင်ပါတယ်။

(၅) ရေဘေးရှောင်စခန်းတွေကိုသာ လှူပါ။

(၆) အဝတ်အစားလိုအပ်ပါတယ်။ ရေဘေးမှာလှူချင်ရင် ပြန်လည်ထူထောင်ရေးအချိန်အထိစောင့်ပြီး အဝတ်အစား၊ ပန်းကန်၊ အိုးခွက်ပါလှူပါ။

(၇) အခုအချိန် အဝတ်တွေလှူတာ ဝန်ပိုပေးတဲ့အတိုင်းပါပဲ။

မူရင်းရေးသားသူများ – ပြည့်ဖြိုးအောင် (ခ) ကိုပြည့် (ဖြူစင်မေတ္တာပရဟိတအသင်း -ရန်ကုန်)၊ ရွှေနိုင်ငံပုံနှိပ်လုပ်ငန်းစု ၊ Chitwai Lwin။
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top