အလွန်ရက်စက်သောတိရစ္ဆာန်စမ်းသပ်မှုများအား ပြန်လည်သုံးသပ်ဖို့လိုအပ်

GettyImages-95011864-mice-lab-mouse-1120.jpg

Detecting Depression

ကြွက်များရဲ့ခန္ဓာဗေဒနဲ့ ပြုမူနေထိုင်ပုံတို့ကြောင့် သူတို့ဟာ လူသားများရဲ့ ဆေးပညာစမ်းသပ်မှုများအတွက် ကောင်းမွန်တဲ့သက်ရှိများအဖြစ် မှတ်ယူကြပါတယ်။ ဖလူ၊ ကင်ဆာ အစရှိတဲ့ရောဂါများနဲ့ ပတ်သက်သောဆေးများဖော်စပ်ခြင်း၊ စမ်းသပ်ခြင်းတို့ကို သူတို့ဆီမှာအရင်ပြုလုပ်ကြပါတယ်။ လက်ရှိအချိန်မှာလည်း ကြွက်များကဲ့သို့သော rodent သက်ရှိများဟာ ဆေးပညာဆိုင်ရာသုတေသနများအတွက် မရှိမဖြစ်ကဏ္ဍမှာပါဝင်နေပြီး သူတို့ကို အမြီးပါသောစမ်းသပ်ရေးပြွန်ချောင်းများလို့ကို အချို့ကခေါ်ဝေါကြပါတယ်။

ဒါပေမဲ့ စိတ်ဓာတ်ကျခြင်းနဲ့ပတ်သတ်တဲ့ စိတ်ရောဂါများကိုစမ်းသပ်ဖို့အတွက်တော့ တိရစ္ဆာန်များကိုအသုံးပြုဖို့ အရမ်းခက်ခဲပါတယ်။ ကြွက်များ ဘယ်အချိန်မှာစိတ်ဓာတ်ကျနေသလဲ ဆိုတာကို သိပ္ပံပညာရှင်များမသိရှိနိုင်ဘဲ အခုဆိုရင် အကျိုးသက်ရောက်မှုမရှိပါဘဲ တိရစ္ဆာန်များကို အသားလွတ်နှိပ်စက်ရာရောက်တဲ့နည်းလမ်းတစ်ခုကို ဆယ်စုနှစ်များစွာနောက်ပိုင်းမှာ ဆက်လက်ပြုလုပ်သင့်၊ မလုပ်သင့်ကို စဉ်းစားနေကြပါတယ်။

ရက်စက်၍ ရှေးရိုးစွဲနိုင်သော

ဇွတ်အတင်းရေကူးခိုင်းခြင်း (force-swim test) ဆိုတာကတော့ သူ့နာမည်အတိုင်းပါပဲ။ သိပ္ပံပညာရှင်များဟာ ကြွက်တစ်ကောင်ကို ရေထဲပစ်ချလိုက်ပြီး သူတို့ရှင်သန်နိုင်အောင် ရေကူး ခိုင်းပါတယ်။ အဲဒီကြွက်က စောစောလက်လျှော့လိုက်ပြီဆိုရင် သူဟာ စိတ်ဓာတ်ကျနေတဲ့ကြွက်ဖြစ်တယ်လို့ယူဆကြပါတယ်။

ဒါဟာ ယူဆချက်တစ်ခုသာဖြစ်ပြီး လက်တွေ့မှာတော့ အရမ်းကြီးမှီကိုးလို့မရတဲ့ စမ်းသပ်ချက်နည်းတစ်နည်းဖြစ်ပါတယ်။ ဒါကြောင့် သိပ္ပံပညာရှင်များဟာ ဒီနည်းကိုဆက်လက်အသုံးပြု သင့်၊ မပြုသင့် စဉ်းစားနေကြပြီဖြစ်ပါတယ်။ သိပ္ပံပညာရှင်များဟာ ဒီနည်းကို ဆက်လက်အသုံးမပြုသင့်တော့ဘဲ သူ့အမြင်မှာတော့ ဒါဟာ ဆိုးရွားတဲ့သိပ္ပံစမ်းသပ်ချက်တစ်ခုသာ ဖြစ်တယ်လို့ University of Bern မှ အပြုအမူဆိုင်ရာဇီဝဗေဒပညာရှင်တစ်ဦးဖြစ်သူ Hanno Würbel က Nature ကို ပြောကြားခဲ့ပါတယ်။

ဂျူလိုင်လအစောပိုင်းတုန်းက တိရစ္ဆာန်စမ်းသပ်မှုများအား ကာကွယ်စောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ People for the Ethical Treatment of Animals က အမေရိကန် စိတ်ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်း National Institute of Mental Health (NIMH) ထံကို ဒီ force-swim test နဲ့ပတ်သက်ပြီး စာတစ်စောင်ရေးသားခဲ့ပါတယ်။

NIMH ရဲ့ ဒါရိုက်တာဖြစ်သူ Joshua Gordon က ဒီ force-swim test ဟာ အလုပ်မဖြစ်ဘူးဆိုတာကိုအသိအမှတ်ပြုခဲ့ပြီး ဒီသုတေသနနဲ့ပတ်သက်လို့ မေးခွန်းများစွာရှိကြောင်း Nature ကိုပြောကြားခဲ့ပါတယ်။

ဒီဆောင်းပါးကို ရိုးရာလေးရဲ့မိတ်ဖက် သိပ္ပံစာပေဝက်ဘ်ဆိုက် Curiosity မှာ ဖော်ပြထားတာဖြစ်ပါတယ်။

Ref: Curiosity
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top