တွင်းနက်ရဲ့ပထမဦးဆုံးပုံရိပ်ကို အသက်ဝင်စေခဲ့သူ လူငယ်ကွန်ပျူတာသိပ္ပံပညာရှင်

collage-1.jpg

အာကာသသိပ္ပံလောကအတွက် ချီးကျူးဂုဏ်ပြုထိုက်တဲ့ နေ့တစ်နေ့ဟာ ပြီးဆုံးသွားခဲ့ပါပြီ။ သမိုင်းဝင်အနေနဲ့ ဖမ်းယူရရှိလာတဲ့ အာကာသတွင်းနက်တစ်ခုရဲ့ပထမဦးဆုံးပုံရိပ်ကို အားလုံးကြည့်ရှုပြီးကြပြီလို့ ယူဆမိပါတယ်။ တစ်ကမ္ဘာလုံးကို လှုပ်လှုပ်ခတ်ခတ်ဖြစ်စေခဲ့ပြီး အကြီးအကျယ်အောင်ပွဲခံစရာဖြစ်ခဲ့တာပါ။

သမိုင်းဝင်အနေနဲ့ ဖမ်းယူရရှိလာတဲ့ အာကာသတွင်းနက်တစ်ခုရဲ့ပထမဦးဆုံးပုံရိပ်ကို အားလုံးကြည့်ရှုပြီးကြပြီလို့ ယူဆမိပါတယ်

အဲဒီလို တွင်းနက်ရဲ့ပထမဦးဆုံးပုံရိပ်ကို မြင်တွေ့ခွင့်ရစေခဲ့မှုရဲ့ နောက်ကွယ်မှာတော့ ဘယ်လိုမှ မေ့ထား၊ ချန်လှပ်ထားလို့မရတဲ့ လူငယ်ကွန်ပျူတာသိပ္ပံပညာရှင်တစ်ဦး ရှိနေပါတယ်။ သူ့ရဲ့နာမည်ကတော့ ကေတီဘူမန်း (Katie Bouman) ပါ။ နာမည်ကျော် MIT ကနေ ကွန်ပျူတာသိပ္ပံပညာရပ်နဲ့ ကျောင်းဆင်းထားတဲ့ ကွန်ပျူတာသိပ္ပံပညာရှင်တစ်ဦးဖြစ်ပြီး အခုတော့ အသက် (၂၉) နှစ်အရွယ် သူ့ရဲ့စွမ်းဆောင်မှုက အံ့သြဘနန်း မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။

ဒေတာအချက်အလက်ပေါင်းမြောက်များစွာနဲ့ တွင်းနက်ရဲ့ပုံရိပ်ကိုရယူနိုင်ဖို့ များစွာအထောက်အကူပြုပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်

သူဟာ လွန်ခဲ့တဲ့သုံးနှစ်ကတည်းက Event Horizon Telescope (EHT) အဖွဲ့မှာ တွင်းနက်ရဲ့ ပုံရိပ်ကိုဖမ်းယူနိုင်မယ့် အယ်လ်ဂိုရစ်သမ်အလုပ်လုပ်ပုံစနစ်သစ်ကို တီထွင်ကြံဆပြီး ဦးဆောင်ဖန်တီးနေခဲ့သူဖြစ်ပါတယ်။ ပုံရိပ်ဖမ်းယူရေးအဖွဲ့ခွဲမှာ အရေးပါလှသူဖြစ်ကာ လိုအပ်တဲ့ ဒေတာအချက်အလက်ပေါင်းမြောက်များစွာနဲ့ တွင်းနက်ရဲ့ပုံရိပ်ကိုရယူနိုင်ဖို့ များစွာအထောက်အကူပြုပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

သူ့ရဲ့ ကြိုးပမ်းမှုဟာ ငယ်ရွယ်တယ်လို့ဆိုနိုင်တဲ့ အသက် (၂၉)နှစ် အရွယ်လေးနဲ့ လုပ်ဆောင်နိုင်ခဲ့တာမို့ လေးစားအားကျဖွယ်ရာပါပဲ

တွင်းနက်ကို အမှန်တကယ် ပုံရိပ်ဖော်နိုင်ခဲ့ပြီး ဒီလိုပုံရိပ်ဖော်နိုင်ဖို့ဟာ အင်မတန်ခဲယဉ်းခဲ့တဲ့ လုပ်ငန်းစဉ်တစ်ခုပါ။ သူ့ရဲ့ ကြိုးပမ်းမှုဟာ ငယ်ရွယ်တယ်လို့ဆိုနိုင်တဲ့ အသက် (၂၉)နှစ် အရွယ်လေးနဲ့ လုပ်ဆောင်နိုင်ခဲ့တာမို့ လေးစားအားကျဖွယ်ရာပါပဲ။ သူ့ရဲ့ပညာရပ်ဆိုင်ရာစွမ်းဆောင်ရည်အရ အနာဂတ်မှာလည်း ဒီထက်ပိုပြီးစွမ်းဆောင်လာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

Ref: CNN ” That image of a black hole you saw everywhere today? … “
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top