စကတ်ဝတ်လို့ အမျိုးသမီးတစ်ယောက် ထိုးကြိတ်ခံရတဲ့ ဖြစ်ရပ်ကို ပြင်သစ်ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးနေ

25-9-2020-yyl-010.jpg

စထရာဘော့မြို့မှာ အမျိုးသမီးတစ်ယောက်ကို စကတ်ဝတ်ရကောင်းလားလို့ ရမယ်ရှာပြီး နေ့လယ်ခင်းအချိန် တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်ကို ပြင်သစ်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။ အသက် ၂၂ နှစ်အရွယ်ကျောင်းသူ အဲလိစဘတ်ဟာ လမ်းလျှောက်ပြီး အိမ်ပြန်လာချိန်မှာ အမျိုးသားသုံးယောက်နဲ့ ဆုံခဲ့ပါတယ်။ အမျိုးသားတစ်ယောက်က ” စကတ်ဝတ်ထားတဲ့ မိန်းမပျက်ကို ကြည့်ကြစမ်းပါဦး”ဟု ပြောခဲ့ပြီး အမျိုးသား ၂ ယောက်ကို သူ့ကို ဖမ်းချုပ်ထားချိန်မှာ ကျန်တစ်ယောက်က မျက်နှာကို လက်သီးနဲ့ထိုးခဲ့တာလို့ အဲလိစဘတ်က ပြောပါတယ်။ ဒီဖြစ်ရပ်ကို မြင်တွေ့သူ တစ်ဒါဇင်ကျော်ရှိပေမဲ့ ဘယ်သူကမှ ဝင်မတားခဲ့ဘူးလို့ သူက ဆိုပါတယ်။

ဒီဖြစ်ရပ်ဟာ အလွန်ဆိုးရွားလွန်းတဲ့ လက်မခံနိုင်စရာကိစ္စဖြစ်တယ်လို့ ပြင်သစ်အစိုးရက ရှုတ်ချခဲ့ပါတယ်။ ပြင်သစ်နိုင်ငံမှာ ၂၀၁၈ ခုနှစ်က လမ်းပေါ်နှောင့်ယှက်မှု ဆန့်ကျင်တိုက်ဖျက်ရေးဥပဒေ ပြဋ္ဌာန်းခဲ့ပြီးနောက် ဒဏ်ငွေရိုက်တဲ့ အကြိမ်ရေ ၁၈၀၀ နီးပါး ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ နိုင်ငံသားအရေးကို အဓိကတာဝန်ယူထားတဲ့ အငယ်တန်း ပြည်ထဲရေးဝန်ကြီး မာလင်းရှီယက်ပါက လူမြင်ကွင်းမှာ အမျိုးသမီးတွေ ဘေးကင်းလုံခြုံရေးအတွက် ဆွေးနွေးဖို့ စထရာဘော့မြို့ကို လာရောက်ခဲ့ပါတယ်။

လူမြင်ကွင်းမှာ အမျိုးသမီးတွေကို နှောင့်ယှက်အနိုင်ကျင့်တဲ့ ဖြစ်ရပ်မျိုး ကြုံတွေ့ရင် ရဲတပ်ဖွဲ့ထံ အကြောင်းကြားပေးဖို့ မာလင်းရှီယက်ပါက တိုက်တွန်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ပြင်သစ်နိုင်ငံ အရှေ့ပိုင်း မူဟောက်စ်မြို့မှာလည်း အမျိုးသမီးနှစ်ယောက် ဝတ်ထားတဲ့ စကတ် အရမ်းတိုလွန်းတယ်ဆိုပြီး အမျိုးသားတစ်ယောက်က တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့ပါသေးတယ်။

Ref: BBC ” France street harassment: Strasbourg woman attacked ‘for wearing skirt'”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top