တရားမဝင် ပြန်ရောင်းမယ့် အသုံးပြုပြီးသား ကွန်ဒုံး ၃ သိန်းကျော်ကို ဗီယက်နမ်ရဲတပ်ဖွဲ့ သိမ်းဆည်းရမိ

25-9-2020-yyl-009.jpg

ဗီယက်နမ်ရဲတပ်ဖွဲ့ဟာ တရားမဝင် ပြန်လည်ရောင်းချမယ့် အသုံးပြုပြီးသား ကွန်ဒုံး ၃၂၀၀၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့ပါတယ်။ မကြာသေးခင်က ဗီယက်နမ်နိုင်ငံတောင်ပိုင်း ဘင်ဒေါင်ပြည်နယ်မှာရှိတဲ့ ဂိုဒေါင်တစ်လုံးကို ဝင်ရောက်စီးနင်းရာမှာ စုစုပေါင်းအလေးချိန် ၇၉၄ ပေါင် ရှိတဲ့ ကွန်ဒုံးအိတ်တွေ တွေ့ရှိခဲ့တာပါ။ အဲဒီဖြစ်ရပ်အတွက် ဂိုဒေါင်ပိုင်ရှင်လို့ ယူဆရတဲ့ အမျိုးသမီးတစ်ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။

ဆေးကြောပြီးသား ကွန်ဒုံးတွေကို လိင်ပုံစံ သစ်သားချောင်းနဲ့ ပြန်လည်ပုံသွင်းပြီး ပါကင်ထုတ်ပိုးပြီးရင် ပြန်လည်ရောင်းချမှာပါ။ သူ့အနေနဲ့ ကွန်ဒုံးတစ်ကီလိုဂရမ်ကို အမေရိကန်ဒေါ်လာ ဝ.၁၇ ရရှိတယ်လို့ ဖမ်းဆီးခံရတဲ့ အမျိုးသမီးက ပြောပါတယ်။ ဈေးကွက်ထဲမှာ အသုံးပြုပြီးသား ကွန်ဒုံး ဘယ်လောက်အထိ ပြန်လည်ရောင်းချခဲ့သလဲဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

Ref: BBC ” Vietnam police seize more than 320,000 used condoms”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top