ခရစ်အီဗင်ဆီကနေ “Captain America” ဒိုင်းရတော့မယ့် ဟီးရိုးတစ်ယောက်လို ညီမလေးကို ကယ်တင်ခဲ့တဲ့ ကောင်လေး

17-7-2020-yyl-012.jpg

စူပါဟီးရိုး Captain America ဇာတ်ကောင် ခရစ်အီဗင်က အရမ်းသတ္တိရှိပြီး ဟီးရိုးတစ်ယောက်လို စွမ်းဆောင်ခဲ့တဲ့ ကောင်လေး ဘရစ်ဂါ ဝေါ့ကာကို အထူးလက်ဆောင်တစ်ခု ပေးဖို့ စီစဉ်နေပါတယ်။ ဘရစ်ဂါ ဝေါ့ကာ ဆိုတဲ့ကောင်လေးကို စာဖတ်ပရိသတ်တွေလည်း သိပြီးသားဖြစ်ပါတယ်။ ရိုးရာလေးကနေ တင်ဆက်ပေးခဲ့ဖူးတဲ့ ညီမလေးကို သက်စွန့်ဆံဖျားကယ်ခဲ့ပြီး နာမည်ကျော်တွေနဲ့ လူမှုကွန်ယက်အသုံးပြုသူတွေရဲ့ ချီးမွမ်းမှုကို ရရှိခဲ့တဲ့ အသက် (၆) နှစ် အရွယ်ကောင်လေးပါပဲ။ အဲဒီကောင်လေးက ခွေးကိုက်ခံရတော့မယ့် သူ့ညီမလေးကို ကာကွယ်ပေးခဲ့ပြီး မျက်နှာမှာ ပြင်းပြင်းထန်ထန်ထိခိုက်သွားခဲ့ကာ အချက် (၉၀) ကျော် ချုပ်ခဲ့ရပါတယ်။

ခရစ်အီဗင်ကလည်း ဘရစ်ဂါရဲ့အကြောင်းကို အနုပညာရှင်တော်တော်များများမျှဝေရင်းနဲ့ သိရှိသွားခဲ့ပြီး ဘရစ်ဂါဆီ Video မက်ဆေ့ ပေးပို့ခဲ့ပါတယ်။ “Captain America ရောက်လာပြီ။ ကျွန်တော် သားရဲ့ဇာတ်လမ်းကို ဖတ်ခဲ့ရတဲ့အတွက် သား လုပ်ခဲ့တဲ့အရာတွေကို မြင်ခဲ့ပါတယ်။ အခုလိုပြောတဲ့စကားတွေကို ပြီးခဲ့တဲ့အပတ်တွေကလည်းက သား တော်တော်ကြားပြီလောက်ပါပြီ။ ဒါပေမဲ့ ဦးကို ပြောခွင့်ပြုနော်။ သားက ဟီးရိုးတစ်ယောက်ပါပဲ။ သား လုပ်ခဲ့တဲ့အရာက အရမ်းသတ္တိရှိတယ်၊ တစ်ကိုယ်ကောင်းမဆန်ဘူး။ သားရဲ့ညီမလေးက သားလို့အစ်ကိုတစ်ယောက်ရှိတဲ့အတွက် အရမ်းကံကောင်းတယ်။ သားရဲ့မိဘတွေကလည်း သားအတွက် အရမ်းဂုဏ်ယူရမယ်”လို့ ခရစ်အီဗင်က ဘရစ်ဂါအန်တီရဲ့ အင်စတာရမ်မှာ တင်ခဲ့တဲ့ ဗီဒီယိုမှာ ပြောခဲ့တာပါ။ “ဦး..သားရဲ့လိပ်စာကို စုံစမ်းပြီး သားဆီ Captain America ဒိုင်းအစစ်ကို ပို့ပေးတော့မှာပါ။ သားက ဒါနဲ့ ထိုက်တန်လို့ပါပဲ”လို့ ခရစ်အီဗင်က ပြောပါတယ်။

မင်းသမီး အန်နီး ဟသာဝေးက “ကျွန်မက Avenger တစ်ယောက်မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်စုံတစ်ယောက်ကို မြင်လိုက်ရင် စူပါဟီးရိုးဆိုတာ ကျွန်မသိပါတယ်။ ဘရစ်ဂါ…သားလိုမျိုး သတ္တိရှိဖို့ အန်တီ့ဘဝမှာ တစ်ဝက်လောက်ပဲ မျှော်လင့်လို့ရနိုင်တယ်။ မြန်မြန်သက်သာလာပြီး ကြည့်ကောင်းနေဖို့ ဆုတောင်းပေးပါတယ်”လို့ အန်နီး ဟသာဝေးက ချီးမွမ်းစကားဆိုထားတဲ့အပြင် Hulk ဇာတ်ကောင် Mark Ruffalo ကိုလည်း mention ခေါ်ပြီး “ဟေး..အဖွဲ့သား လိုအပ်လား”လို့ မေးထားပါသေးတယ်။

အန်နီး ဟသာဝေးက Hulk ဇာတ်ကောင် မက်ခ် ရူဖာလိုကို mention ခေါ်လိုက်တဲ့အတွက် ဘရစ်ဂါ ဝေါ့ကာရဲ့အကြောင်းကို သိသွားခဲ့ပါတယ်။ မက်ခ် ရူဖာလိုကလည်း “ချစ်လှစွာသော ဘရစ်ဂါ။ သား ဘာတွေဖြစ်ခဲ့လဲဆိုတာ ဦးသိရပါတယ်။ အခြားသူတွေအတွက် ကိုယ်ကျိုးမငဲ့တဲ့သူတွေက ဦးသိတဲ့ လူစွမ်းကောင်းတွေပဲဆိုတာ ပြောချင်ခဲ့ပါတယ်။ သားရဲ့သတ္တိနဲ့ နှလုံးသားကို တကယ်လေးစားပြီး အားကျမိပါတယ်။ တကယ်သတ္တိရှိတယ်ဆိုတာက ဘယ်အရာက မှန်တယ်ဆိုတာ သိတာနဲ့ ဘယ်လိုပဲဖြစ်ဖြစ် သား နာကျင်ရမယ်ဆိုရင်တောင် မဖြစ်ဖြစ်အောင်လုပ်တာပါပဲ။ သားက ဦးတွေ့ခဲ့ဖူးတဲ့၊ သိခဲ့ဖူးတဲ့လူတွေထက် ယောက်ျားပီသပါတယ်”လို့ ချီးမွမ်းစကားဆိုခဲ့ပါတယ်။

ဘရစ်ဂါ ခွေးကိုက်ခံလိုက်ရပြီး ပြင်းပြင်းထန်ထန်ဒ ဏ်ရာရသွားတဲ့အခါမှာ သူ့အဖေက ဘရစ်ဂါကို ညီမလေးနဲ့ ခွေးရဲ့ကြား ဘာလို့ခုန်ဝင်ပစ်ခဲ့တာလဲလို့ မေးတော့ “တစ်စုံတစ်ယောက် သေရမယ့်ဆိုရင် အဲဒီလူက ကျွန်တော်ပဲဖြစ်သင့်တယ်”လို့ ဘရစ်ဂါက ပြောပါတယ်။

Ref: CNN “Chris Evans sending ‘Captain America’ shield to little boy who saved sister from dog attack”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top