ကမ္ဘာ့အသက်အကြီးဆုံး ကြံ့နက် သေဆုံး

yyl-037.jpg

အသက် ၅၇ နှစ်ရှိပြီး ကမ္ဘာ့အသက်အကြီးဆုံးလို့ ယူဆထားတဲ့ ကြံ့နက်ကြီးဟာ တန်ဇန်းနီးယားနိုင်ငံမှာ သေဆုံးသွားခဲ့ပါတယ်။ အရှေ့တိုင်းမျိုးစိတ်ဖြစ်တဲ့ ကြံ့နက်ကြီး ဖော်စတာကို ၁၉၆၅ ခုနှစ်က နိုရွန်ဂိုရိုမီးတောင်ဝမှာ စတင်တွေ့ရှိခဲ့တာပါ။

အဲဒီအချိန်တုန်းက ဖော်စတာက ၃ နှစ်အရွယ်ပဲ ရှိပါသေးတယ်။ ဖော်စတာဟာ ၅၄ နှစ်ကျော်အထိ မီးတောင်ဝမှာ လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာခဲ့ပေမဲ့ နောက်ပိုင်းနှစ်တွေမှာတော့ ကျန်းမာရေးပြဿနာတွေ ရှိလာလို့ စောင့်ရှောက်ရေးစခန်းမှာ အထူးစောင့်ရှောက်မှု ခံယူခဲ့ရပါတယ်။ ဖော်စတာဟာ သက်တမ်းတစ်လျှောက်မှာ တစ်ကြိမ်မျှ သားမပေါက်ခဲ့ပါဘူး။ အဲဒါကြောင့်လည်း ကြံ့နက်မကြီး ဖော်စတာ အသက်ရှည်တာဖြစ်လိမ့်မယ်လို့ သားရဲတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်သူတွေက ယူဆထားကြပါတယ်။

၂၀၁၆ ခုနှစ်မှာတော့ ဖော်စတာရဲ့ အမြင်အာရုံ ဆိုးရွားလာခဲ့ပြီး ခွေးအတွေ ကိုက်ခံရလို့ ဝေဒနာခံစားခဲ့ရပါတယ်။ ဖော်စတာဟာ ဒီဇင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်းက သေဆုံးသွားခဲ့တာပါ။ ဖော်စတာ သေသွားတဲ့နေ့မှာပဲ နိုရွန်ဂိုရိုစောင့်ရှောက်ရေးစခန်းမှာ ကြံ့လေးတစ်ကောင် မွေးဖွားခဲ့ပါတယ်။ ပုံမှန်အတိုင်းဆိုရင် တောထဲမှာ ကျက်စားတဲ့ ကြံ့တွေက ၃၇ နှစ်ကနေ ၄၃ နှစ်ပဲ သက်တမ်းရှိပြီး ထိန်းသိမ်းစောင့်ရှောက်ခံရတဲ့ ကြံ့တွေကတော့ အသက် ၅၀ အထိ ရှင်သန်လေ့ရှိပါတယ်။

အရှေ့တိုင်းကြံ့မျိုးစိတ်တွေဟာ မျိုးသုဉ်းပျောက်ကွယ်မယ့် အန ္တရာယ် ဆိုးဆိုးရွားရွား ခံစားနေရတဲ့ မျိုးစိတ်တွေအဖြစ် သတ်မှတ်ခံထားရပါတယ်။ သူတို့ရဲ့ ဦးချိုကို လိုချင်လို့ အမဲလိုက်သတ်ဖြတ်မှုတွေ မြင့်တက်လာလို့ အရှေ့တိုင်းကြံ့မျိုးစိတ် အကောင်ရေ သိသိသာသာ လျော့နည်းနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top