သေကံမရောက် သက်မပျောက်ခဲ့သူ

18.8.23-yyl-7.jpg

ခရိုအေးရှားအမျိုးသား ဖရာနိုဆီလက်ဟာ သေဘေးနဲ့ ၇ ကြိမ်တိုင်တိုင် ကြုံခဲ့ပေမဲ့ အသက်ဘေးက လွတ်မြောက်ခဲ့သူပါ။ ၁၉၆၂ ခုနှစ်မှာ သူ စီးလာတဲ့ရထား လမ်းချော်ပြီး ရေခဲမြစ်ထဲ ထိုးကျခဲ့လို့ ခရီးသည် ၁၇ ယောက် ရေနစ်သေဆုံးခဲ့ပေမဲ့ သူကတော့ အသက်ရှင်ခဲ့ပါတယ်။

နောက်တစ်နှစ်အကြာမှာ သူ စီးလာတဲ့လေယာဉ် ပျက်ကျပြီး တခြားခရီးသည် ၁၉ ယောက် သေခဲ့ပေမဲ့ သူကတော့ လေယာဉ်တံခါးပေါက်ကနေ ကောက်ရိုးပုံပေါ်ကို ပြုတ်ကျခဲ့လို့ အသက်ဘေးက လွတ်မြောက်ခဲ့ပြန်ပါတယ်။

၁၉၆၆ ခုနှစ်မှာ သူ စီးလာတဲ့ ဘတ်စ်ကား လမ်းချော်ပြီး မြစ်ထဲထိုးကျခဲ့လို့ တခြားသူ ၄ ယောက် သေဆုံးခဲ့ပေမဲ့ သူ အသက်ရှင်ခဲ့ပါတယ်။ နောက် ၄ နှစ်ကြာတော့ သူ့ကား မီးလောင်ခဲ့ပြီး ဆီတိုင်ကီ မပေါက်ကွဲခင် ကားထဲက ထွက်ပြေးနိုင်ခဲ့လို့ သေခြင်းတရားကို ရှောင်လွှဲနိုင်ခဲ့ပြန်ပါတယ်။၅ ကြိမ်မြောက်မှာတော့ ဆီဖြည့်နေတုန်း ကားမီးလောင်ပြီး သူ့ဆံပင်တွေ မီးထဲပါသွားခဲ့ပေမဲ့ အသက်မသေခဲ့ပါဘူး။

၁၉၉၅ ခုနှစ်က ဇာဂရက်မြို့မှာ ဘတ်စ်ကားတိုက်ခံရပေမဲ့ ပွန်းပဲ့ဒဏ်ရာလေးတောင် မရဘဲ လွတ်မြောက်ခဲ့ပါဘူး။ နောက်တစ်နှစ်အကြာမှာတော့ တောင်ပေါ်မှာ ကားမောင်းနေတုန်း အကွေ့တစ်နေရာမှာ UN ရဲ့ ထရပ်ကားတစ်စီးနဲ့ တိုက်မိမလိုဖြစ်လို့ ကားကို ဆွဲကွေ့လိုက်ရာမှာ တောင်စောင်းပေါ်က ကားပြုတ်ကျသွားခဲ့ပေမဲ့ ဆီလက်က အချိန်မီ ခုန်ဆင်းနိုင်ခဲ့လို့ အသက်ရှင်ခဲ့ပြန်ပါတယ်။

သေဘေး ၇ ကြိမ်ကနေ လွတ်မြောက်ခဲ့ပြီးနောက်မှာတော့ ဆီလက်က သူ့ဘဝမှာ ပထမဆုံးအကြိမ် ထီထိုးခဲ့ပြီး ပေါင် ၆ သိန်းဆု ထီပေါက်ခဲ့ပါတယ်။ ထီပေါက်ချိန်မှာ အသက် ၇၆ နှစ်အရွယ် ရှိပါပြီ။
သူဟာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှာတော့ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၈၇ နှစ်အရွယ် ရှိပါပြီ။

Ref: Frano Selak

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top