ကမ္ဘာ့စံချိန်ချိုးဖို့ ၇ ရက်ဆက်တိုက် မရပ်မနား ငိုခဲ့တဲ့အမျိုးသား ယာယီအမြင်အာရုံဆုံးရှုံးခဲ့ရ

21.7.23-yyl-4.jpg

တချို့လူတွေက သူတို့ရဲ့နာမည်တွေကို ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းစာအုပ်မှာ ပါဖို့အတွက် ထူးဆန်းတဲ့အရာမျိုးစုံကို စမ်းလုပ်ကြည့်ကြပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံက အမျိုးသားတစ်ယောက်ဆိုရင်လည်း ကမ္ဘာ့ဂင်းနက်စ်စံချိန်ချိုးနိုင်ဖို့ ကိုယ့်ကိုယ်ကိုဖိအားပေးပြီးတော့ ၇ ရက်ဆက်တိုက်မရပ်မနား ငိုကြွေးခဲ့တာပါ။

အခုလို ၇ ရက်ဆက်တိုက်မရပ်မနားငိုကြွေးဖို့ ကြိုးစားခဲ့တဲ့အတွက် တမ်ဘူ အီဘဲရီဆိုတဲ့ အဲဒီအမျိုးသားက သူ့ရဲ့အမြင်အာရုံကို ယာယီဆုံးရှုံးသွားခဲ့ပါတယ်။ ၄၅ မိနစ်ကြာ အမြင်အာရုံမဆုံးရှုံးခင် ခေါင်းကိုက်တာ၊ မျက်နှာရောင်ရမ်းတာ၊ မျက်လုံးတွေမို့တာတွေဖြစ်ခဲ့ပါတယ်။

သူက ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းဆီ သူ့ရဲ့ကြိုးစားမှုကို စာရင်းမသွင်းခဲ့ရပါဘူး။ ဒါပေမဲ့ သူက ဒီစံချိန်ကို ပြီးမြောက်အောင် လုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။ အနောက်အာဖရိကနိုင်ငံမှာ သူတစ်ယောက်တည်းတင် စံချိန်ချိုးဖို့ကြိုးစားတာမဟုတ်ပါဘူး။ နိုင်ဂျီးရီးယားနိုင်ငံသားတော်တော်များများကလည်း သူ့လိုပဲ စံချိန်ချိုးဖို့ ကြိုးစားနေကြတာပါ။

Ref: Man Cries Non-Stop For 7 Days To Achieve World Record, Goes Blind Temporarily

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top