ပြင်သစ်နိုင်ငံမှာ ကား ၈၇၄ စီးကို မီးရှို့ပြီး နှစ်သစ်ကူးည အောင်ပွဲခံခဲ့

2-2-2022-yyl03.jpg

ပြင်သစ်နိုင်ငံမှာ နှစ်သစ်ကူးည အောင်ပွဲခံကြရင်း ကား ၈၇၄ စီးကို မီးရှို့ခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ၂၀၀၅ ခုနှစ်က ပြင်သစ်နိုင်ငံရဲ့ မြို့တော်တော်များများမှာ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပြင်သစ်နိုင်ငံရဲ့ ဆင်ခြေဖုံးဒေသတွေမှာ ကားမီးရှို့ပြီး အောင်ပွဲခံတာက အစဉ်အလာတစ်ရပ်လို ဖြစ်လာခဲ့ပါတယ်။

၂၀၂၂ နှစ်သစ်ကူးညမှာ မီးရှို့ခဲ့တဲ့ကားအရေအတွက်ဟာ ၂၀၁၉ နှစ်သစ်ကူးညနဲ့ယှဉ်ရင် တော်တော်နည်းသေးတယ်လို့ ပြင်သစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါပေမဲ့ တားဆီး၊ ထိန်းသိမ်းခံရသူအရေအတွက်ကတော့ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်သစ်ကူးည အောင်ပွဲခံချိန်အတွင်း မီးသတ်သမားနဲ့ လုံ/ထိန်း ၃၂၀၀၀ အပါအဝင် ရဲတပ်ဖွဲ့ဝင်နဲ့ အရံရဲတပ်ဖွဲ့ဝင် ၉၅၀၀၀ လောက် ဖြန့်ကျက်ခဲ့ရတယ်လို့ ပြင်သစ်မီဒီယာတစ်ခုက ဖော်ပြပါတယ်။

နှာခေါင်းစည်း မတပ်မနေရ အမိန့်ထုတ်ထားတဲ့ ပဲရစ်မြို့မှာတော့ နှာခေါင်းစည်းတပ်သူ ၇၇၉ ယောက်ကို ဒဏ်ရိုက်ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံမှာ ကန့်သတ်မှုတွေကို တစ်စိတ်တစ်ဒေသ ဖယ်ရှားပေးခဲ့ပေမဲ့ အိုမီခရွန် ကိုဗစ်မျိုးကွဲသစ် ကူးစက်မှုအန္တရာယ် စိုးရိမ်ပူပန်ရလို့ အခုနှစ်အတွင်း စည်းမျဉ်းတွေ ထပ်မံချမှတ်သွားဖို့ ရှိနေပါတယ်။ ဇန်နဝါရီလ ၃ ရက်က စပြီး ရုံတွင်း စုဝေးပွဲတွေမှာ လူ ၂၀၀၀ အထိပဲ လက်ခံဖို့ ကန့်သတ်သွားမှာဖြစ်ပြီး လုပ်ငန်းခွင်သွားဖို့ မဖြစ်မနေ မလိုအပ်သူတွေကို အိမ်ကနေပဲ အလုပ်လုပ်ဖို့ ညွှန်ကြားသွားမှာပါ။

Ref: BBC “French car-burning returns for New Years’ Eve”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top