FIFA World Cup Qatar 2022™ ၏ တရားဝင်စမတ်ဖုန်းစပွန်ဆာအဖြစ် vivo ကြေညာ

30-6-2022-yyl27.jpg

၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ တရားဝင်စပွန်ဆာအဖြစ် vivo က ကြေညာခဲ့ပါတယ်။ vivo ဟာ ၂၀၁၇ ခုနှစ်မှစတင်ပြီး FIFA World Cup ရဲ့ တရားဝင်စမတ်ဖုန်း ဖြစ်ခဲ့တာပါ။ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို နိုဝင်ဘာလ ၂၁ ရက်မှစတင်ကျင်းပမှာ ဖြစ်ပါတယ်။ vivo ဟာ တရားဝင်စပွန်ဆာအဖြစ် ပူးပေါင်းမှုမှတစ်ဆင့် သူတို့ရဲ့ တရားဝင်အမှတ်တံဆိပ်ကို အသုံးပြုပြီး ကမ္ဘာတစ်ဝှမ်းရှိ ဘောလုံးချစ်ပရိသတ်တွေနဲ့ ချိတ်ဆက်နိုင်ဖို့ ထူးခြားဆန်းသစ်တဲ့ အစီအစဉ်တွေ လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။

Vivo Myanmar ရဲ့ CEO Mr. Nelson Ni မှ “FIFA World Cup Qatar 2022™ နဲ့ ပူးပေါင်းဆောင်ရွက်မှုက vivo အတွက် အဓိပ္ပါယ်ရှိတဲ့ အခိုက်အတန့်ပါပဲ။ ဘောလုံးအားကစားကို ‘Beautiful Game’ လို့ တင်စားခေါ်လေ့ရှိပြီး ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ လူတွေရဲ့ အသက်အရွယ်၊ လူမျိုး၊ ကျား၊ မ နဲ့ ယဉ်ကျေးမှု မခွဲခြားဘဲ စုစုစည်းစည်း နဲ့ ပျော်ရွှင်မှုတွေ ပေးနိုင်စွမ်းနိုင်တဲ့ အားကစားတစ်ခုပါ။

FIFA World Cup 2022™ ရဲ့ ကမ္ဘာတစ်ဝှမ်း သြဇာလွှမ်းမိုးနိုင်စွမ်း နှင့် လှုံ့ဆော်နိုင်စွမ်း တို့သည် vivo မှ ဈေးကွက် ချဲ့ထွင်ထားသောအထင်ကရ နိုင်ငံနှင့် ဒေသပေါင်း 60 ကျော်အတွက် အကောင်းဆုံး ဈေးကွက်သက်‌ရောက်မှုရှိမယ်လို့ ယုံကြည်ပါတယ်။ vivoက အားကစားကဏ္ဍမြှင့်တင်မှုတွေမှာ အစဉ်မြဲစိတ်ဝင်စားမှု ရှိနေကြောင်းအား အခုလို ပူးပေါင်းဆောင်ရွက်မှုက သက်သေပြနိုင်သလို ဒီကနေမှတစ်ဆင့် ကမ္ဘာတစ်ဝှမ်းရှိ သန်းနှင့်ချီတဲ့ ပြည်သူတွေကkd ထူးခြားတဲ့အတွေ့အကြုံတွေနဲ့ ပျော်ရွှင်မှုတွေ ပေးဆောင်လိုပါတယ်” လို့ ပြောခဲ့ပါတယ်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top