Samsung ၏ တတိယမျိုးဆက် မျက်နှာပြင်ခေါက်ဖုန်း Galaxy Z Fold2 အား မြန်မာနိုင်ငံတွင် စတင်ဝယ်ယူနိုင်ပြီ

Photo_1.png

Samsung ၏ တတိယမျိုးဆက်မျက်နှာပြင်ခေါက်ဖုန်း Galaxy Z Fold2 အား ပေါ်လွင်ထင်ရှားသော ဒီဇိုင်း၊ နောက်ဆုံးပေါ်ဖွဲ့စည်းတည်ဆောက်မှုများဖြင့် ပေါင်းစပ်ဖန်တီးထားသည့်အတွက် တမူထူးခြားသောမိုဘိုင်းဖုန်း အသုံးပြုမှု အတွေ့အကြုံကို ယူဆောင်လာခြင်းဖြစ်သည်။

ရန်ကုန်၊ မြန်မာ – နိုဝင်ဘာလ ၄ ရက်၊ ၂၀၂၀ခုနှစ် – Samsung Electronics ကုမ္ပဏီသည် ၎င်း၏ မျိုးဆက်သစ် မျက်နှာပြင်ခေါက်ဖုန်း Samsung Galaxy Z Fold2 အား မြန်မာနိုင်ငံတွင် စတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း ကြေညာလိုက်သည်။ Galaxy Z Fold2 စမတ်ဖုန်းတွင် အဆင့်မြှင့်တင်ထားသည့် နောက်ဆုံးပေါ် လုပ်ဆောင်ချက်များ ထည့်သွင်းပေးထားသည့်အတွက် သုံးစွဲသူများအနေနှင့် ခေတ်မီဆန်းသစ်မှုအရှိဆုံး အလွယ်တကူ ခေါက်သိမ်းနိုင်သည့် မိုဘိုင်းနည်းပညာအား လက်တွေ့ခံစားနိုင်မည်ဖြစ်သည်။ ထို့အတူ ပိုမိုအရည်အသွေးမြင့်မားသော ရှေ့မျက်နှာပြင် နှင့် ကြီးမားကျယ်ပြန့်သော အဓိကမျက်နှာပြင်ဖြင့် တည်ဆောက်ထားသည့် Galaxy Z Fold2 စမတ်ဖုန်းသည် ကျစ်လစ်လှပသောဒီဇိုင်းနှင့် စွမ်းဆောင်ရည်မြင့် လုပ်ဆောင်ချက်များကိုပါ ယူဆောင်လာသည့်အတွက် သုံးစွဲသူများအနေဖြင့် ထူးခြားကောင်းမွန်သောမိုဘိုင်းဖုန်းအသုံးပြုမှုအတွေ့အကြုံကို ရရှိမည်ဖြစ်သည်။

“ကျွန်တော်တို့ Samsung အနေနဲ့ နောက်လာမယ့် မျိုးဆက်သစ် မိုဘိုင်းဖုန်းတွေကို ကိုယ်ပိုင်ဟန်အပြည့်၊ ဆန်းသစ် တီထွင်မှုအပြည့်နဲ့ ဖန်တီးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ သုံးစွဲသူတွေရဲ့ တုံ့ပြန်မှုတွေ၊ အကြံပြုချက်တွေကို သေသေချာချာ အလေးထားနားထောင်နေပြီး ပိုမိုအဓိပ္ပာယ်ရှိတဲ့ hardware ပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုတွေကို လုပ်ဆောင်နေတဲ့အပြင် တစ်ချိန်တည်းမှာပဲ ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံတွေကို ရရှိသွားနိုင်စေမယ့် ဆန်းသစ်ဖန်တီးမှုတွေကိုလည်း ယူဆောင်လာပေးဖို့ အစဉ်တစ်စိုက် လုပ်ဆောင်နေပါတယ်။ ဒီအချက်ကို အခု မိတ်ဆက်လိုက်တဲ့ Galaxy Z Fold2 စမတ်ဖုန်းက သက်သေပြနေပါတယ်။ ဒါကြောင့် ဒီ Galaxy Z Fold2 မျက်နှာပြင်ခေါက်ဖုန်းအသစ်ဟာ တမူထူးခြားတဲ့ ထုတ်ကုန်တစ်ခုဖြစ်ရုံသာမက ကျွန်တော်တို့ Samsung အတွက် ဆန်းသစ်တီထွင်မှုဆိုင်ရာ သမိုင်းမှတ်တိုင် တစ်ခုလည်း ဖြစ်တယ်ဆိုတာကို ဂုဏ်ယူစွာပြောကြားလိုပါတယ်။” ဟု Samsung Myanmar ၏ Head of Business Group ဖြစ်သူ ကိုဇာနည်ဝင်းထက်က ပြောကြားသည်။

နှစ်ပေါင်းများစွာ အောင်မြင်မှုရရှိထားသည့် ထိပ်တန်း Galaxy နည်းပညာများအပေါ် အခြေခံ တည်ဆောက်ထားသည့် ဤ Galaxy Z Fold2 စမတ်ဖုန်းနှင့်အတူ Samsung သည် ၎င်း၏ မိုဘိုင်းနည်းပညာနှင့် ဖွဲ့စည်းတည်ဆောက်မှုများအား နောက်ထပ် တစ်ဆင့်သို့ မြှင့်တင်လိုက်ခြင်းဖြစ်သည်။ Galaxy Z Fold2 တွင် တစ်နေ့တာလုံး စိတ်ကြိုက်အသုံးခံသည့် 4,500 mAh ဘက်ထရီ နှင့်အတူ SuperFast Charging အားသွင်းစနစ်ကိုလည်း ထည့်သွင်းပေးထားသည့်အတွက် သုံးစွဲသူများအနေနှင့် ဘက်ထရီပမာဏအား စိတ်ပူပန်စရာမလိုပဲ အသုံးပြုနိုင်ပြီ ဖြစ်သည်။ ထို့အပြင် Galaxy Z Fold2 တွင် Samsung DeX ကြိုးမဲ့ချိတ်ဆက်မှုစနစ် ပါရှိသည့်အတွက် အလုပ်လုပ်ကိုင်ရာတွင် လွယ်ကူလျှင်မြန်မှုအပြည့်နှင့် သက်သောင့်သက်သာ ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။ ထို့အပြင် UWB (Ultra-Wide Band) နည်းပညာ ကိုလည်း ထည့်သွင်းပေးထားသည့်အတွက် ဖိုင်များ၊ ဓာတ်ပုံများနှင့် ဗွီဒီယိုများကို Nearby Share လုပ်ဆောင်ချက်မှတဆင့် အလွယ်တကူ မြန်ဆန်စွာ မျှဝေသွားနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံမှ သုံးစွဲသူများ အနေနှင့် Galaxy Z Fold2 စမတ်ဖုန်းအား ယခုအခါ အမြို့မြို့အနယ်နယ်ရှိ မိုဘိုင်းဖုန်း အရောင်းဆိုင်များ၌ အလွယ်တကူဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ အရောင်အားဖြင့် Mystic Black (အနက်ရောင်) နှင့် Mystic Bronze (ကြေးရောင်) ဟူ၍ နှစ်မျိုး ရွေးချယ်နိုင်မည်ဖြစ်ကာ မြန်မာငွေ ကျပ် ၃,၀၉၉,၀၀၀ ဖြင့် ဝယ်ယူရရှိသွားနိုင်မည် ဖြစ်သည်။ Galaxy Z Fold2 စမတ်ဖုန်းအား ဝယ်ယူအားပေးသူများအနေနှင့် ဖုန်းကာဗာ တစ်ခုနှင့် UV Sterilizer တစ်ခု အား အထူးလက်ဆောင် အဖြစ်ရရှိမည် ဖြစ်သည်။

Samsung Electronics Co., Ltd. အကြောင်း

Samsung Electronics Co., Ltd. သည် အနာဂတ်ကို ဖော်ဆောင်ပုံသွင်းနိုင်ရန် စိတ်ကူးဉာဏ်များ၊ နည်းပညာများဖြင့် ပုံဖော်နေပြီး တစ်ကမ္ဘာလုံးတွင် တီဗွီများ၊ စမတ်ဖုန်းများ၊ Tablet များ၊ ဝတ်ဆင်နိုင်သည့် နည်းပညာထုတ်ကုန်များ၊ Digital အသုံးအဆောင်ပစ္စည်းများ၊ ကွန်ယက်ဆက်သွယ်ရေး စနစ်များ နှင့် ဖုန်းတွင်းမှတ်ဉာဏ်၊ LSI စနစ်၊ Foundry နှင့် LED solutions များကို ဖန်တီးထုတ်လုပ်လျက် ရှိပါသည်။ ပိုမိုပြည့်စုံစွာသိရှိနိုင်ရန် နှင့် နောက်ဆုံးထွက် သတင်းများ၊ လုပ်ဆောင်ချက်ဆိုင်ရာ ဆောင်းပါးများ နှင့် သတင်းထုတ်ပြန်ချက် များကို သိရှိနိုင်ရန် အတွက် http://news.samsung.com သို့မဟုတ် https://samsung.com/mm တွင် ဝင်ရောက်ကြည့်ရှုလေ့လာ နိုင်သည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top