ရောမမြို့မှာ မွှေးပျံ့ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်ဈေးသည်တစ်ယောက်ရဲ့ ရိုးသားမှု

yyl-041-2.jpg

”ရိုးသားမှုလောက် ချမ်းသာကြွယ်ဝတဲ့အမွေမရှိ”လို့ ဝီလျံရှိတ်စပီးယားက ပြောခဲ့ဖူးပါတယ်။ ရောမမြို့မှာနေထိုင်တဲ့ (၂၃) နှစ်အရွယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားက ဒီစကားကို သက်သေထူခဲ့ပါတယ်။

ရောမမြို့မှာ (၇) နှစ်ကြာနေထိုင်ခဲ့တဲ့ မိုဆန်ရာဆယ်က အောက်ခြေလူတန်းစားတစ်ဦးပါ။ ရောမမြို့လယ်မှာဈေးဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး အသက်မွေးဝမ်းကြောင်းနေသူပါ။ မိုဆန်ရာဆယ်ဟာ ပြီးခဲ့တဲ့သောကြာနေ့က ရောမမြို့ စင်္ကြံလမ်းပေါ်ကနေ ပိုက်ဆံအိတ်တစ်လုံးကောက်ရခဲ့ပြီး ရဲစခန်းကနေတစ်ဆင့် ပိုင်ရှင်ထံပြန်ပေးခဲ့ပါတယ်။ ပိုက်ဆံအိတ်ပိုင်ရှင်က သူ့ရိုးသားမှုကို အသိအမှတ်ပြုပြီး ကျေးဇူးဆပ်တဲ့အနေနဲ့ ဆုငွေပေးခဲ့ပေမဲ့ မိုဆန်ရာဆယ်က လက်မခံခဲ့ပါဘူး။

” ထွေထွေထူးထူး လုပ်ပေးခဲ့တာမဟုတ်ပါဘူး။ ဒီပိုက်ဆံက ကျွန်တော့်ပိုက်ဆံမဟုတ်ဘူးလေ။ ပိုက်ဆံကိုရေမကြည့်တော့ ပိုက်ဆံအိတ်ထဲမှာ ဘယ်လောက်ပါလဲဆိုတာမသိဘူး။ ရဲစခန်းကို သွားအပ်လိုက်တယ်။ ကျွန်တော့်မိသားစုက ကျွန်တော့်ကို ရိုးသားရမယ်လို့ သွန်သင်ထားပါတယ်” လို့ မိုဆန်ရာဆယ်က ပြောပါတယ်။

သူကောက်ရတဲ့ ပိုက်ဆံအိတ်ထဲမှာ ယူရို (၂၀၀၀) (မြန်မာငွေ ၃၃ သိန်းကျော်) ပါဝင်ပြီး ခရက်ဒစ်ကတ်တွေ၊ ယာဉ်မောင်းလိုင်စင်နဲ့ ကိုယ်ပိုင်သက်သေခံစာရွက်စာတမ်းတွေပါဝင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ပိုက်ဆံအိတ်ပိုင်ရှင်ကတော့ ဒေသခံစီးပွားရေးသမားတစ်ယောက်ဖြစ်ပါတယ်။ ပိုက်ဆံအိတ်ပိုင်ရှင်က သူ့ဆိုင်ကိုလာအားပေးပြီး ပုံမှန်ဖောက်သည်ဖြစ်လာရင် သူပျော်မိမယ်လို့ မိုဆန်ရာဆယ်က ဆိုပါတယ်။

Ref: BBC ”Rome stall owner refuses reward for €2,000 cash find”
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top