တရုပ်မြေသားစစ်သည်တော်ရုပ်တွေကို ထိုင်းနိုင်ငံမှာ ပြခန်းဖွင့်လှစ်ပြသ

yyl-036-3.jpg

ပြီးခဲ့တဲ့ စက်တင်ဘာ (၁၅) ရက်နေ့က ထိုင်းနိုင်ငံကို ပထမဆုံးအကြိမ်ရောက်ရှိလာခဲ့တဲ့ တရုပ်နိုင်ငံက နာမည်ကျော် မြေသားစစ်သည်တော်ရုပ်ထုတွေကို ထိုင်းအမျိုးသားပြတိုက်မှာ (၃) လတိုင်တိုင် ပြခန်းဖွင့်လှစ်ပြသသွားမယ်လို့ သိရပါတယ်။

မြေနီသားနဲ့ဖန်တီးထားတဲ့ ဒီစစ်သည်တော်ပန်းပုရုပ်တွေက ထိုင်းနိုင်ငံသားများစွာရဲ့ စိတ်အာရုံကို ဖမ်းစားထားနိုင်တာကိုတွေ့ရပါတယ်။ ဒီပန်းပုရုပ်တွေကို ပထမဆုံး တရုပ်ဧကရာဇ် Qin Shi Huang ရဲ့ ရုပ်အလောင်းနဲ့အတူ မြှုပ်နှံခဲ့တာဖြစ်ပြီး ဧကရာဇ်မင်းမြတ်ရဲ့ တမလွန်ဘဝမှာ ကာကွယ်စောင့်ရှောက်ပေးဖို့ရည်ရွယ်ချက်နဲ့ မြှုပ်နှံခဲ့တာပါ။

လက်ရှိ ထိုင်းနိုင်ငံမှာပြသသွားမယ့် ပန်းပုရုပ် (၈၆) ရုပ်ကိုတော့ ၁၉၇၄ ခုနှစ်တုန်းက ပန်းပုရုပ်အားလုံးကိုတူးဖော်တွေ့ရှိခဲ့ရာ Shaanxi စီရင်စုက ပြတိုက် (၁၄) ခုဆီကနေ ယူဆောင်လာခဲ့တာဖြစ်ပါတယ်။

ဧကရာဇ် Qin Shi Huang အုပ်စိုးခဲ့တဲ့ကာလ အစောပိုင်းနဲ့ နှောင်းပိုင်းအကြားမှာရှိခဲ့တဲ့ အနုပညာလက်ရာနဲ့ သမိုင်းဆိုင်ရာအချက်အလက်တွေကို ပြသနိုင်ဖို့ကြိုးစားမှုဖြစ်ကြောင်း Shaanxi စီရင်စုယဉ်ကျေးမှုအမွေအနှစ်ဌာနရဲ့တာဝန်ခံအရာရှိ Qian Jikui ကပြောပါတယ်။

ဒီပြပွဲကို Shaanxi စီရင်စုရဲ့ယဉ်ကျေးမှုအမွေအနှစ်ဌာနနဲ့ ထိုင်းယဉ်ကျေးမှုဝန်ကြီးဌာနတို့က ပူးပေါင်းကျင်းပတာဖြစ်ပြီး ၂၀၁၉ ဒီဇင်ဘာ (၁၅) ရက်ထိပြသသွားမှာပါ။ ပြပွဲကိုလာရောက်လေ့လာသူ ၂၀၀၀၀၀ ဝန်းကျင်ထိရှိနိုင်မယ်လို့လည်း ထိုင်းယဉ်ကျေးမှုဝန်ကြီး Itthiphol Kunplome က ခန့်မှန်းထားပါတယ်။

Ref: CGTN “China’s Terracotta Warriors debut in Thailand”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top