TCP Group မှ မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် လူထုအခြေပြုပရဟိတအဖွဲ့ နှစ်ဖွဲ့သို့ မြန်မာကျပ်ငွေ သန်း ၅၀ လှူဒါန်း

TCPMM-Covid-Phase-3-Donation.jpg

Red Bull အားဖြည့် အချိုရည်နှင့် Sponsor ရေဓာတ်အားဖြည့် အချိုရည်တို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော TCP Group အဖွဲ့ဝင် T.C Pharmaceutical Myanmar (TCPMM) သည် မြန်မာနိုင်ငံရှိ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် မြန်မာကျပ်ငွေ သန်း ၅၀ တန်ဖိုးရှိ ထုတ်ကုန်ပစ္စည်းများ၊ ရောဂါကာကွယ်ရေးပစ္စည်းများနှင့် ရန်ပုံငွေများ ထည့်ဝင်လှူဒါန်းခဲ့သည်။ TCPMM သည် အဆိုပါ ရန်ပုံငွေများကို COVID-19 ပြန်လည်ထူထောင်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသော မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် လူထုအခြေပြု ပရဟိတအဖွဲ့များဖြစ်သည့် We Love Yangon နှင့် We Love Rakhine အဖွဲ့နှစ်ဖွဲ့သို့ အသီးသီး ခွဲဝေလှူဒါန်းခဲ့သည်။

We Love Yangon နှင့် We Love Rakhine အဖွဲ့နှစ်ဖွဲ့သို့ အောက်တိုဘာလ ၅ ရက်နေ့က ပေးအပ်လှူဒါန်းခဲ့ပြီး မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ အောက်တိုဘာလ ၈ ရက်နေ့တွင် ပေးအပ်လှူဒါန်းခဲ့သည်။ TCPMM သည် အဆိုပါ လူထုအခြေပြုပရဟိတအဖွဲ့ နှစ်ဖွဲ့နှင့် ပူးပေါင်းပြီး ရန်ကုန်နှင့် ရခိုင်ဒေသရှိ COVID-19 ဒုတိယလှိုင်း၏ ရိုက်ခတ်မှု ဒဏ်ကို ခံစားနေရသော လူများကို အကျိုးခံစားခွင့်များ ရရှိစေရန် ရည်ရွယ်၍ ပြန်လည်ထူထောင်ရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်ခဲ့သည်။ ထို့အပြင် TCP Group အနေဖြင့် ထိုင်းဘတ်ငွေ ၁ သန်းကိုလည်း ထိုင်း-မြန်မာ Business Council သို့ ရန်ပုံငွေအဖြစ် ပေးအပ်လှူဒါန်းသွားမည်ဖြစ်သည်။

TCPMM သည် ပူပြင်းသည့် မြန်မာရာသီဥတုတွင် ရေဓာတ်ပြန်လည်ဖြည့်တင်းမှုကို အကောင်းဆုံးပေးစွမ်းနိုင်သည့် အားဖြည့်အချိုရည်များဖြစ်သော ၎င်း၏ နိုင်ငံတကာအမှတ်တံဆိပ် ကမ္ဘာ့ကျော်ကုန်ပစ္စည်းဖြစ်သည့် Red Bull အားဖြည့်အချိုရည်နှင့် နာမည်ကြီး ရေပန်းစားသော Sponsor ရေဓာတ်အားဖြည့်အချိုရည်တို့ကို မြန်မာနိုင်ငံတွင် ဖြန့်ဖြူးရောင်းချလျက်ရှိသည်။ TCP Group သည် TCPMM ၏ မိခင်ကုမ္ပဏီဖြစ်ပြီး ထိုင်းနိုင်ငံအခြေစိုက်ဖြစ်ကာ Red Bull နှင့် Sponsor အပြင် Ready၊ Mansome၊ Puriku၊ Sunsnack တံဆိပ်များကို ကမ္ဘာလုံး ဖြန့်ဖြူးရောင်းချလျက်ရှိသည်။ TCP Group ၏ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်သည် လူမှုရေးတန်ဖိုးများကို လေးစားရန်နှင့် ကမ္ဘာတစ်ဝန်းရှိ ၎င်း၏ လုပ်ငန်းလည်ပတ်မှုတန်ဖိုးကို သက်တန်းတစ်လျှောက်လုံး ရေရှည်တည်တံ့စေမည့် အလေ့အကျင့်များ ရရှိစေရန် ဖြစ်သည်။

We Love Yangon သည် ၂၀၂၀ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည့် လူထုအခြေပြု ပရဟိတ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဒေသခံလူများ၏ လူနေမှုဘဝကို မြှင့်တင့်ကာ လူ့အဖွဲ့အစည်းအတွင်း အဓိပ္ပာယ်ပြည့်ဝသော ပြောင်းလဲခြင်းများ လုပ်ဆောင်သွားမည်ဟု ရည်ရွယ်ထားသည့် အဖွဲ့အစည်း တစ်ခုဖြစ်သည်။ COVID-19 တိုက်ဖျက်ရေးကာလအတွင်း We Love Yangon ပရဟိတအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးရှိ ကျေးလက်နေရာများတွင် နေထိုင်သော အခြေခံလူတန်းစား အိမ်ထောင်စုများကို လိုအပ်သော အကူအညီများကို ပေးသည့်အပြင် အခြေခံစားသောက်ကုန်များကိုလည်း ရန်ကုန်မြို့ပေါ်အတွင်း Lockdown ကျရောက်နေသော နေအိမ်များ၊ Quarantine စင်တာများ၊ ဘုန်းကြီးကျောင်းများနှင့် ဆေးရုံများကို လိုက်လံမျှဝေ ထောက်ပံ့ပေးလျက်ရှိသည်။

We Love Rakhine လူထုအခြေပြု ပရဟိတအဖွဲ့အစည်းကို ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့တွင် တည်ထောင်ခဲ့ပြီး ဒေသခံလူများ၏ လူနေမှုဘဝကို မြှင့်တင့်ရန်နှင့် ကျန်းမာရေး၊ လူမှုရေးနှင့် ပညာရေးဆိုင်ရာ တိုးတက်ပြောင်းလဲမှုများ ဖြစ်စေရန် ရည်ရွယ်၍ ဖွဲ့စည်းထားသော အဖွဲ့အစည်း တစ်ခုဖြစ်သည်။

TCPMM မှ ယခု တတိယအကြိမ်မြောက်တွင် မြန်မာနိုင်ငံရှိ COVID-19 ပြန်လည်ထူထောင်ရေးနှင့် ကယ်ဆယ်ရေးအတွက် မြန်မာကျပ်ငွေ ၁၄.၃ သန်း (101,000 USD) တန်ဖိုးရှိ ရန်ပုံငွေများ၊ ဆေးဝါးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ၊ Red Bull နှင့် Spnosor အချိုရည်များကို ကျန်းမာရေးဝန်ထမ်းများအတွက် ရည်ရွယ်၍ ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။ TCP သည် COVID-19 ပြန်လည်ထူထောင်ရေးနှင့် ပတ်သက်၍ မြန်မာကျပ်ငွေ ၁၈၆.၃ သန်း (133,000 USD) တန်ဖိုးရှိ ရန်ပုံငွေများကို လှူဒါန်းခဲ့သည့်အပြင် ထိုင်းဘတ်ငွေ ၁ သန်းကိုလည်း ထိုင်း-မြန်မာ Business Council သို့ ရန်ပုံငွေအဖြစ် ပေးအပ်လှူဒါန်းသွားမည်ဖြစ်သည်။

ပထမအကြိမ်လှူဒါန်းမှုကို မန္တလေးတိုင်းဒေသကြီး၏ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် အသုံးပြုရန် မြန်မာကျပ်ငွေ ၇ သန်းကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၉ ရက်နေ့တွင် စတင်လှူဒါန်းခဲ့သည့်အပြင် စုစုပေါင်း မြန်မာငွေကျပ် ၈ သန်း တန်ဖိုးရှိ Red Bull နှင့် Sponsor အချိုရည်များကို ရန်ပုံငွေနှင့်အတူ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး နှင့် ဝေဘာဂီဆေရုံရှိ ကျန်မာရေး ဝန်ထမ်းများအတွက် ရည်ရွယ်၍ ပေးအပ်လှူဒါန်းခဲ့သည်။

ဒုတိယအကြိမ်လှူဒါန်းမှုအနေဖြင့်လည်း မြန်မာကျပ်ငွေ ၂၅ သန်းကျော် တန်ဖိုးရှိ ထုတ်ကုန်ပစ္စည်းများ၊ ရောဂါ ကာကွယ်ရေးပစ္စည်းများနှင့် ရန်ပုံငွေများအပြင် ရှေ့တန်းတိုက်ပွဲဝင် ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များအတွက် အထောက်အကူဖြစ်စေရန်အတွက် မြန်မာနိုင်ငံရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ N95 Mask ၅ ထောင်၊ We Love Yangon အသင်းအဖွဲ့သို့ ရန်ပုံငွေအဖြစ် မြန်မာကျပ်ငွေ ၁၀ သန်းနှင့်အတူ Sponsor ရေဓာတ်အားဖြည့် အချိုရည်ဘူး ၆၀၀ ကို အသီးသီး လှူဒါန်းခဲ့သည်။

TCPMM အနေဖြင့် အစိုးရအဖွဲ့အစည်းများ၊ အခြား စီးပွားရေးမိတ်ဖက်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ဤအကျပ်အတည်း ကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် ကောင်းမွန်သည့် အခြေအနေတစ်ခုကို ခံနိုင်ရည်ရှိစွာ ဆက်လက် ထိန်းသိမ်းထား နိုင်ပြီး လူ့အဖွဲ့အစည်းဆိုင်ရာ လုပ်ဆောင်ချက်များ ပိုမို အားကောင်းလာစေရန် ဆန္ဒပြု ရည်ရွယ်ကာ ကယ်ဆယ်ရေး ရန်ပုံငွေများ၊ ပစ္စည်းများ ထည့်ဝင် လှူဒါန်းရခြင်း ဖြစ်သည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top