ဒေါ်နယ်ထရမ့်ကို သတ်ပေးနိုင်ရင် ကန်ဒေါ်လာသန်း(၈၀)ပေးမယ်လို့ အီရန် ဆုကြေးထုတ်

YYY1.jpg

ဒေါ်နယ်ထရမ့်ကို သတ်ပေးနိုင်ရင် အမေရိကန်ဒေါ်လာ သန်း(၈၀)ပေးမယ်လို့ ဗိုလ်ချုပ်ကြီး ဆိုလေမာနီရဲ့ စျာပနအခမ်းအနားမှာ အီရန်နိုင်ငံပိုင် ရုပ်သံလိုင်းတွေက ကြေညာခဲ့ပါတယ်။ အီရန်တော်လှန်ရေးသက်စောင့်တပ်ဖွဲ့ရဲ့ တပ်ခွဲဖြစ်တဲ့ ကွက်တပ်ဖွဲ့(Quds Force)ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဆိုလေမာနီဟာ ပြီးခဲ့တဲ့သောကြာနေ့က အီရတ်နိုင်ငံ ဘဂ္ဂဒက်လေဆိပ်မှာ အမေရိကန်မောင်းသူမဲ့ယာဉ်ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် အမေရိကန်နဲ့ အီရန်နိုင်ငံကြားက ရန်လိုမုန်းတီးမှုတွေကို တိုးပွားစေခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသမှာ ပဋိပက္ခဖြစ်နိုင်ခြေ မြင့်တက်စေခဲ့ပါတယ်။

”အီရန်နိုင်ငံမှာ လူဦးရေ သန်း (၈၀)ရှိပါတယ်။ အီရန်နိုင်ငံရဲ့ လူဦးရေအရ (တစ်ယောက်ကို တစ်ဒေါ်လာနှုန်း သတ်မှတ်ပြီး)ဒေါ်နယ်ထရမ့်ကို ခေါင်းဖြတ်ပေးနိုင်တဲ့သူကို အမေရိကန်ဒေါ်လာ သန်း(၈၀)ပေးမယ်”လို့ အီရန်နိုင်ငံပိုင် ရုပ်သံလိုင်းတွေက ကြေညာခဲ့ကြောင်း Mirror သတင်းဌာနက ဖော်ပြပါတယ်။ ဇန်နဝါရီလ(၅)ရက်နေ့ အစောပိုင်းမှာ အီရန်လွှတ်တော်အမတ် အဘူတိုရာဘီက အမေရိကန်နိုင်ငံရေးရဲ့ နှလုံးသည်းပွတ်ဖြစ်တဲ့ အိမ်ဖြူတော်ကို တိုက်ခိုက်သွားမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

” အိမ်ဖြူတော်ကို တိုက်ခိုက်နိုင်ပါတယ်။ အမေရိကန်မြေပေါ်မှာ သူတို့ကို တုံ့ပြန်နိုင်စွမ်းရှိပါတယ်။ ကျွန်တော်တို့မှာ လုပ်နိုင်တဲ့အင်အားရှိပါတယ်။ ဘုရားရဲ့အလိုတော်အရ သင့်တော်တဲ့အချိန်မှာ တုံ့ပြန်သွားမှာပါ။ သူတို့ရဲ့လုပ်ရပ်က စစ်ကြေညာလိုက်တာပါပဲ။ စစ်ကြေညာလိုက်ပြီဆိုကတည်းက တွန့်ဆုတ်နေရင် ရှုံးနိမ့်ရမှာပါ”လို့ အဘူတိုရာဘီက ဆိုပါတယ်။ အီရန်ဘက်က တိုက်ခိုက်မှုတွေလုပ်လာရင် အီရန်နိုင်ငံရဲ့ တည်နေရာ(၅၂)ခုကို တိုက်ခိုက်သွားမယ်လို့ ဒေါ်နယ်ထရမ့်က သတိပေးထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top