ရုရှားနိုင်ငံ တည်ရှိမှုကို ခြိမ်းခြောက်လာမှသာ နျူလက်နက်သုံးမယ်လို့ ဆို

29-2-2022-yyl03.jpg

ရုရှားနိုင်ငံ တည်ရှိမှုအပေါ် ခြိမ်းခြောက်လာမှပဲ နျူကလီးယားလက်နက် အသုံးပြုမယ်လို့ ခရင်မလင်နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့က ပြောပါတယ်။ ယူကရိန်းစစ်ပွဲမှာ ဘယ်လိုရလဒ်မျိုးပဲ ထွက်ပေါ်လာသည်ဖြစ်စေ၊ နျူကလီးယားလက်နက် အသုံးပြုမှာမဟုတ်ဘူးလို့ ဒီမစ်ထရီပက်စကော့က ဆိုပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ရုရှားသမ္မတ ပူတင်ကို သားသတ်သမားလို့ ခေါ်ပြီး အာဏာတည်မြဲမနေသင့်တော့ဘူးလို့ ပြောခဲ့တဲ့စကားဟာ ပုဂ္ဂိုလ်ရေး စော်ကားမှုဖြစ်ပြီး လုံးဝလက်မခံနိုင်စရာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ ရုရှားသမ္မတ ဘယ်သူ၊ ဘယ်ဝါဖြစ်သင့်တယ်ဆိုတာကိုလည်း အမေရိကန်က ဆုံးဖြတ်ခွင့်မရှိဘူးလို့ တုံ့ပြန်သွားခဲ့ပါတယ်။

Ref: CNN “Kremlin spokesperson: Russia would only use nuclear weapons against a threat to “existence of the state”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top