ကင်ဆာနာကျင်မှုကို သက်သာသွားစေမယ့် သဘာဝဆေးဖက်ဝင်အပင်များ

yyl-070.jpg

ကင်ဆာရောဂါကုသမှုနဲ့အတူရလာတဲ့နာကျင်မှုက အရမ်းကိုပြင်းထန်ပါတယ်။ ကင်ဆာနာကျင်မှုက ရောဂါနဲ့အတူစတာဖြစ်ပြီးအရိုးတွေ၊ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေနဲ့ အာရုံကြောတွေကိုလည်း သက်ရောက်စေနိုင်ပါတယ်။ မော်ဖင်း (Morphine) နဲ့ ကိုဒီအင်း (codeine) ကဲ့သို့ ထောက်ခံချက်ပေးတဲ့အကိုက်အခဲပျောက်ဆေးတွေကလည်း ယာယီပဲသက်သာစေပါတယ်။ ဝမ်းချုပ်တာ၊ အိပ်ချင်တဲ့ဆိုးကျိုးများလည်းရှိပါတယ်။ အဲဒါကြောင့် လူနာတွေကဒီဆေးတွေကို မှီခိုလာရပါတယ်။ သဘာဝနည်းလမ်းနဲ့နာကျင်မှုကိုသက်သာစေတဲ့အရာများရှိပါတယ်။ ဘယ်လိုဆိုးကျိုးမှလဲမရှိဘဲသက်သာသွားစေနိုင်တယ်လို့ ဆိုပါတယ်။ ကင်ဆာနာကျင်မှုကို သက်သာစေမယ့် သဘာဝဆေးဖက်ဝင်အရာတွေကိုဖော်ပြပေးလိုက်ရပါတယ်။

နနွင်းမှုန့်

နနွင်းမှုန့်ကို ကင်ဆာရောဂါကုသတဲ့နေရာမှာ လူသိများပါတယ်။ အဲဒါက ကိုယ်ခန္ဓာကိုယ်အတွင်းရှိ နာကျင်မှုတွေဖြစ်စေတဲ့အရင်းအမြစ်ကို ဖျက်စီးပစ်ပါတယ်။ ဒါအပြင့် ခန္ဓာကိုယ်ရဲ့ ကျန်းမာနေတဲ့ဆဲလ်တွေကိုအဟန့်အတားမဖြစ်စေပဲ ကင်ဆာဆဲလ်တွေကိုသတ်ပေးပါတယ်။ ဆဲလ်တွေ မပြန်နှံ့အောင်လည်း လုပ်ပေးတယ်လို့ သိရပါတယ်။ ဓာတ်ကင်ကုထုံးထက်ပိုပြီး ကင်ဆာဆဲလ်တွေကို သတ်ပေးတယ်လို့ ဆိုပါတယ်။

သဘောင်္သီးစိမ်း

ကင်ဆာနာကျင်မှုကို သက်သာစေတဲ့နေရာမှာ မမှည့်သေးတဲ့သဘောင်္သီးလည်း ပါဝင်ပါတယ်။ သဘောင်္သီးစိမ်းက ကင်ဆာဆဲလ်တွေကို တိုက်ခိုက်ပေးပြီးသက်သာလာစေပါတယ်။ ဒီဆေးဖက်ဝင်အသီးက ဓာတ်ရောင်ခြည်ရဲ့ဆိုကျိုးကိုလည်း လျှော့ချပေးပါတယ်။

ချင်း (ဂျင်း)

ချင်း (ဂျင်း)က ကင်ဆာနာကျင်မှုကို သက်သာအောင်ကူညီပေးပါတယ်။ နာကျင်မှုကိုလျှော့ချတာအပြင် စိတ်မသက်သာဖြစ်ခြင်း၊ပျို့အန်ခြင်းတွေကို သက်သာစေတဲ့နေရာမှာထိရောက်စေပါတယ်။ လတ်ဆတ်တဲ့ချင်းကို စားပေးလို့ရပါတယ်။

ရေ

ဆေးဖက်ဝင်အပင်တွေတင်မဟုတ်ပါဘူး။ ရေကလည်း ဓာတုကုထုံးနဲ့ ကုသတဲ့အခါအရေးပါပါတယ်။ ဓာတုကုထုံးက သင့်ခန္ဓာကိုယ်ကိုရေဓာတ်ဆုံးရှုံးစေပါတယ်။ ပင်ပန်းမှုကိုနည်းသွားအောင် ကူညီပေးပါတယ်။ ဓာတုကုထုံးက အူမကြီးရဲ့လုပ်ဆောင်မှုကိုသက်ရောက်စေနိုင်ပြီး ဝမ်းချုပ်ခြင်းကိုဖြစ်စေပါတယ်။ ရေကလည်း ဒီပြဿနာကို ကုသပေးပါတယ်။

Ref: 4 proven herbs to heal cancer pain

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top