၂၀၂၀ သမ္မတရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ဂျိုးဘိုင်ဒင်

in7-1.jpg

အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်က ၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ကြေညာခဲ့ပါတယ်။ အသက် (၇၆) နှစ်အရွယ်ရှိတဲ့ ဂျိုးဘိုင်ဒင်ဟာ အရင်တုန်းက သမ္မတရွေးကောက်ပွဲ နှစ်ကြိမ် ဝင်ပြိုင်ခဲ့ဖူးပါတယ်။

၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ပါတီကိုယ်စားပြု ကိုယ်စားလှယ် ရွေးကောက်ပွဲကတော့ ဝင်ပြိုင်မယ့်သူ တော်တော်များများရှိနေပါတယ်။ ဂျိုးဘိုင်ဒင်အပြင် နောက်ထပ် လူ (၁၉) ဦးရှိပြီး အဲဒီသူတွေထဲမှာ အထက်လွှတ်တော်အမတ်တွေဖြစ်တဲ့ အဲလိစဘတ်ဝါရင်း၊ ကာမာလာဟာရစ်၊ ဘာနီဆန်းဒါးစ်တို့လည်း ပါဝင်ပါတယ်။

”အမေရိကန်နိုင်ငံရဲ့ နှလုံးသည်းပွတ်ဖြစ်တဲ့ နှုန်းစံတန်ဖိုးတွေ၊ အမေရိကန်နိုင်ငံရဲ့ ဒီမိုကရေစီနဲ့ အမေရိကကို အမေရိကလို့ ဖြစ်စေတဲ့ အရာမှန်သမျှ အန္တရာယ်ရှိနေတယ်”လို့ ရုပ်သံကြေညာချက်မှာ ဂျိုးဘိုင်ဒင်က ပြောခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply