ရုရှားသမ္မတ ပူတင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် တွေ့ဆုံဆွေးနွေး

in6-1.jpg

ရုရှားသမ္မတ ပူတင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ဟာ ရုရှားနိုင်ငံ အရှေ့ပိုင်း ဗလာဒီဗိုစတော့မြို့မှာ ပထမဆုံးအကြိမ် ထိပ်သီးအစည်းအဝေးကျင်းပခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံဆွေးနွေးမှု မအောင်မြင်ခဲ့တဲ့နောက်ပိုင်း ကင်ဂျုံအန်က မြောက်ကိုရီးယားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာရဲ့ အားပေးထောက်ခံမှု ရှာဖွေခဲ့ပါတယ်။

ကင်ဂျုံအန်ရဲ့ ရုရှားခရီးစဉ်ကြောင့် ကိုရီးယားကျွန်းဆွယ်မှာ တင်းမာနေတာတွေကို တည်ငြိမ်သွားအောင် ကူညီပေးမယ်လို့ ပူတင်က ပြောပါတယ်။ နျူကလီးယားစီမံကိန်း အဆုံးသတ်ဖို့ဆိုရင် ကင်ဂျုံအန်အနေနဲ့ နိုင်ငံတကာရဲ့ လုံခြုံရေးအာမခံချက်ရဖို့ လိုအပ်တယ်၊ နိုင်ငံတော်တော်များများ ပါဝင်တဲ့ မူဘောင်ထဲကနေ နိုင်ငံတကာက မြောက်ကိုရီးယားနိုင်ငံကို လုံခြုံရေးအာမခံချက်တွေ ကမ်းလှမ်းရလိမ့်မယ်လို့ ပူတင်က ပြောပါတယ်။

နိုင်ငံတကာဥပဒေကို လေးစားလိုက်နာမှပဲ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းစင်ရေး အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ ပူတင်က ဆိုပါတယ်။ ကင်ဂျုံအန်ကတော့ အခုထိပ်သီးအစည်းအဝေးက အရမ်းအဓိပ္ပာယ်ရှိတဲ့ တစ်ဦးချင်းတွေ့ဆုံဆွေးနွေးမှုဖြစ်ခဲ့တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top