အပျက်အစီးတွေအောက်မှာ အသက်မဲ့နေတဲ့ သမီးဖြစ်သူရဲ့လက်ကို ကိုင်ထားတဲ့ ဖခင်တစ်ဦးရဲ့ကြေကွယ်ဖွယ်ရာပုံရိပ်

8.2.2023-yyl-image-3.jpg

တူရကီနိုင်ငံမှာ ငလျင်ဒဏ်ခံခဲ့ရတဲ့ မြို့တစ်မြို့ကနေ ကြေကွဲဝမ်းနည်းဖွယ်ရာ ပုံတစ်ပုံမှာ ဝမ်းနည်းပူဆွေးနေတဲ့ ဖခင်တစ်ဦးက ပြိုကျပျက်စီးနေတဲ့ တိုက်ခန်းတစ်ခန်းရဲ့အပျက်အစီးတွေအောက်မှာ အသက်မဲ့စွာ လဲလျောင်းနေတဲ့ သမီးဖြစ်သူရဲ့လက်ကို ကိုင်ထားတာကို မြင်တွေ့ရပါတယ်။

တူရကီနိုင်ငံတောင်ပိုင်းနဲ့ ဆီးရီးယားအနောက်မြောက်ပိုင်းတွေမှာ တနင်္လာနေ့က ငလျင် (၂) ခု လှုပ်ခတ်ခဲ့ပြီး အင်္ဂါနေ့မှာ ပြင်းအားရစ်ချ်တာစကေး ၅.၇ ရှိတဲ့ တတိယမြောက်ငလျင် လှုပ်ခတ်ခဲ့ပြီးတဲ့နောက်မှာ အခုလိုကြေကွဲဖွယ်ရာပုံတစ်ပုံ ထွက်ပေါ်လာခဲ့တာပါ။

ဒီပုံဟာ ငလျင်ဗဟိုချက်အနီး ကာဟာမန်မာရတ်စ်မြို့က ပုံဖြစ်ပါတယ်။ အဖေဖြစ်သူ မီဆွတ် ဟန်ဆာက သူ့ရဲ့အသက် ၁၅ နှစ်အရွယ် သမီးလေးရဲ့လက်ကို ကိုင်ထားနေတာပါ။ သူ့သမီးလေးဟာ အပျက်အစီးတွေအောက်က ကုတင်ပေါ်မှာ အသက်မဲ့စွာ လဲလျောင်းနေပြီး အလောင်းကို ထုတ်ယူလို့မရနိုင်သေးတာပါ။

အခုဆို တူရကီ-ဆီးရီးယားငလျင်လှုပ်ခတ်မှုအတွင်း သေဆုံးသူ ၈၀၀၀ ကျော်ရှိနေပါပြီ။ ရာနဲ့ချီတဲ့ အဆောက်အအုံတွေလည်း ပြိုကျပျက်စီးသွားခဲ့ပါတယ်။ အပျက်အစီးတွေအောက်မှာ ပိတ်မိနေတဲ့ လူတွေလည်း ရှိနေပြီး ထိခိုက်ဒဏ်ရာရတာ၊ အအေးမိတာ၊ ငတ်မွတ်တာတွေအပြင် သေဆုံးရနိုင်ခြေများပါတယ်။ ငလျင်ကြောင့် သေဆုံးသူဦးရေ ၂၀၀၀၀ ထိရှိလာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားပါတယ်

Ref: TheMirror “Turkey earthquake: Dad holds hand of dead daughter, 15, crushed beneath rubble”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top