ကမ္ဘာ့အကြီးဆုံးဘဏ်ဖြစ်လာဖို့ ပြင်ဆင်နေတဲ့ Facebook

1-ijjVyB8Ho151PbiXMg2HfA.png

ဒီသတင်းက အံ့သြစရာများဖြစ်နေမလား…ဒါကတကယ်ပါပဲ..။ Facebook ဟာ သူ့ကိုယ်ပိုင် အွန်လိုင်းငွေကြေးစနစ်ကိုဖန်တီးပြီး ကမ္ဘာ့အကြီးဆုံးဘဏ်ဖြစ်လာဖို့ အမှန်တကယ်ကို ကြံစည်နေတာဖြစ်ပြီး ဒါကို သူတို့ပိုင်ဆိုင်တဲ့ Messenger, WhatsApp နဲ့ Instagram စတဲ့လူမှုကွန်ရက်တွေမှာ အသုံးပြုသွားဖို့ရှိနေပါတယ်။

Facebook ရဲ့ အခုလိုဆောင်ရွက်မှုဟာ ပြိုင်ဘက်စာပို့ဝန်ဆောင်မှု app တွေဖြစ်တဲ့ Telegram နဲ့ Signal တို့ကို ယှဉ်ပြိုင်ဖို့ ရည်ရွယ်တာလည်းဖြစ်ပြီး ပြီးခဲ့တဲ့နှစ်မှာ Telegram က အွန်လိုင်းငွေကြေးစနစ်စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၁.၇) ဘီလျံရင်းနှီးမြုပ်နှံတာကို သိရှိခဲ့ပြီးတဲ့အချိန်ကစလို့ သူ့ကိုယ်ပိုင် အွန်လိုင်းငွကြေးစနစ်ကို တိတ်တဆိတ်ဖန်တီးနေခဲ့တာပါ။

Facebook ဟာ သူပိုင်ဆိုင်ထားတဲ့ Messenger, WhatsApp နဲ့ Instagram တွေမှာ သုံးစွဲသူပေါင်း ၂.၇ ဘီလျံထိပိုင်ဆိုင်ထားပြီး အခုအွန်လိုင်းငွေကြေးစနစ်သာ အလုပ်ဖြစ်လာခဲ့မယ်ဆိုရင် ကမ္ဘာ့စီးပွားရေးသမိုင်းမှာ မှတ်တမ်းတစ်ခုသွားနိုင်သလို Visa နဲ့ MasterCard တို့လို ခရက်ဒစ်ကတ်လုပ်ငန်းကြီးတွေအတွက် အိပ်မက်ဆိုးတစ်ခုပါ ဖြစ်လာတော့မှာပါ။

နယူးယေက်တိုင်းမ်စ်သတင်းစာကတော့ ကမ္ဘာပေါ်မှာ ကိုင်ဆောင်သုံးစွဲမှုအများဆုံး ငွေကြေးတစ်ခုဖြစ်လာဖို့အထိ ရည်မှန်းထားတဲ့ ဒီငွေကြေးစနစ်ကို Facebook က ဒီနှစ်အစောပိုင်းထဲမှာပဲ စပြီးအကောင်အထည်ဖော်သွားဖို့ရှိနေကြောင်း ဆိုထားပါတယ်။

Ref: Medium “Facebook Plans to Become World’s Biggest Central Bank?”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top