၂၀၁၉ခုနှစ်မှာ မိန်းကလေးတွေရဲ့အဝတ်ဗီရိုထဲ ရှိသင့်တဲ့ အရာများ

wo1.png

၂၀၁၉ခုနှစ်မှာ သင်ရဲ့ အဝတ်ဗီရိုကို အသစ်အဆန်းတွေနဲ့ ပြည့်နေအောင် ပြောင်းလဲပစ်ချင်ပါသလား။ ပြောင်းလဲပစ်ချင်ရင်တော့ လတ်တလော ခေတ်စားနေတဲ့ ဖက်ရှင်ပစ္စည်းတွေနဲ့ဖြည့်လိုက်လို့ရပါတယ်။ အဝတ်ဗီရိုထဲမှာ ဘယ်လိုမျိုးဖက်ရှင်တွေထည့်ထားရမလဲ မသိတဲ့သူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့အရာတွေကို ပြောပြပေးချင်ပါတယ်။

ခပ်ပွပွဂျင်းဘောင်းဘီ

သင့်အဝတ်ဗီရိုထဲမှာ ဂျင်းဘောင်းဘီအကျပ်တွေ ရှိပြီးသားဆိုရင် အခုနှစ်မှာ ခေတ်စားလာတဲ့ ခပ်ပွပွဂျင်းဘောင်းဘီတွေနဲ့ အစားထိုးလိုက်ပါ။ ခပ်ပွပွဂျင်းဘောင်းဘီတွေက ဝတ်ရတာ သက်တောင့်သက်သာရှိပြီး တစ်ကျော့ပြန်ခေတ်စားလာတဲ့ဖက်ရှင်လည်းဖြစ်ပါတယ်။

သားရေဒေါက်မြင့်ဖိနပ်

အခုနှစ်မှာ သားရေဖိနပ်တွေက ခေတ်စားလာပြန်ပါပြီ။ သားရေကွင်းထိုးဒေါက်မြင့်ဖိနပ်က နောက်ဆုံးပေါ်စတိုင်ပါပဲ။

အရောင်စပ်တီရှပ်အင်္ကျီ

သင်ရဲ့ အဝတ်ဗီရိုကို ၂၀၁၉ခုနှစ်ရဲ့ အမိုက်စားအရောင်တွေနဲ့ ဖြည့်လိုက်ရအောင်။ တစ်ရောင်တည်းတီရှပ်တွေထက် အရောင်စပ်ထားတဲ့ တီရှပ်တွေက ပိုပြီး ဖက်ရှင်ကျစေပါတယ်။

ကြိမ်နဲ့ပြုလုပ်ထားတဲ့အိတ်လေးတွေ

ပြီးခဲ့တဲ့လတွေကတည်းက ကြိမ်နဲ့ပြုလုပ်ထားတဲ့အိတ်လေးတွေက မိန်းကလေးတော်တော်များများကြားမှာ ခေတ်စားနေခဲ့တာပါ။ အဲဒီလိုအိတ်မျိုးလေးတွေက မိန်းကလေးတွေအတွက် အသုံးဝင်စေသလို စတိုင်လည်း မိုက်စေမှာဖြစ်ပြီး ဒီဇိုင်းအမျိုးမျိုးနဲ့ လာတာကြောင့် ကိုယ့်စိတ်ကြိုက်ရွေးချယ်လို့ရပါတယ်။

အရောင်ဖျော့ဖျော့ဝတ်စုံလေးတွေ

၂၀၁၉ခုနှစ်မှာ သဘာဝဆန်တဲ့ အရောင်ဖျော့ဖျော့လေးတွေကလည်း နေရာယူထားပါတယ်။ အရောင်ဖျော့ဖျော့ဝတ်စုံလေးတွေကို တစ်ခါတလေ ဝတ်ဆင်ကြည့်တာကလည်း မှန်ကန်တဲ့ရွေးချယ်မှုတစ်ခုပါပဲ။

Ref: Update your wardrobe with these pieces in 2019
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top