အနီရောင်လေးက ဘယ်သူလဲ၊ ဘယ်ကလဲ။ ဘယ်လောက်လဲ။

OPPO-F5-6GB.jpg

ခေါင်းစဉ်လေးဖတ်ပြီး သို့လောသို့လော တွေးနေကြပြီလားသူငယ်ချင်းတို့ရေ။

အနီရောင်လေးက ဘယ်သူလဲဆိုတော့ သူငယ်ချင်းတို့ ရင်ဘက်ထဲက အနီရောင်လေး ဖြစ်မှာပါ။ ဘယ်ကလဲဆိုပြန်တော့ ဒီ အနီရောင်လေးက ဒီအွန်လိုင်းမှာပဲ သူငယ်ချင်းတို့နဲ့ အရင်းနှီးဆုံး ဖြစ်ခဲ့တာလေ။ ဒါဆိုရင် “သူကဘူလေးလဲ” ဆိုတာ အချစ်ဆုံးတွေ ခန့်မှန်းမိကြပြီလား။ ဒီ အနီရောင်လေးကြောင့် အတွင်းကြေသွားတဲ့ သူငယ်ချင်းတို့ ရှိမယ်ဆိုရင်လည်းလက်ကလေး 5 ချောင်းထောင်ပြီး Fighting ပါလို့ အားပေးလိုက်ပါရစေ။

ဒီလောက် သဲလွန်စလေးတွေရရင် သူငယ်ချင်းတို့ သိနေကြပြီလား။ Fighting မှာပါတဲ့ F ရယ် နောက်တစ်ခါ 5 ရယ်ပေါင်းလိုက်တော့ F5 ပေါ့။ ဘယ်ကလဲကို ပြန်ကောက်ရရင် OPPO ကပါ။ အားလုံးပေါင်းတော့ OPPO F5။ ဘယ်လောက်လဲဆိုတာကို အတိအကျပြောရရင် ၃၈၉,ဝဝဝ ကျပ်ပါ။ OPPO F5 က ဘာအရောင်လေးလဲလို့ မမေးကြေး။ ခေါင်းစဉ်မှာပြောထားတဲ့အတိုင်း အနီရောင်လေးပါ။

OPPO F5 RED ဝယ်ရင် ဘာတွေရမှာလဲဆိုတာရော သိချင်ကြလား။ OPPO F5 RED ကို ဇန်နဝါရီ ၁၃ရက်ကနေ ၁၉ရက်အထိ OPPO အရောင်းဆိုင်တွေမှာ ငွေ ၃ဝ,ဝဝဝ စရံပေးပြီး ကြိုတင်မှာထားမယ်ဆိုရင်တော့ ဇန်နဝါရီ ၂ဝ မှာဆိုရင် ကိုယ်ကြိုတင်မှာထားတဲ့ OPPO F5 RED လေးကို ရနိုင်မှာ ဖြစ်ပြီး OPPO အမှတ်တံဆိပ်ပါ ကျောပိုးအိတ်လေးတစ်လုံးပါ ရဦးမှာပါ။

OPPO F5 RED ဝယ်ယူသူအားလုံးအတွက် တစ်လမှာ ဖုန်းဘီလ် ၅ဝဝဝ အနည်းဆုံးဖြည့်တာနဲ့ Telenor 2GB Package ကို ၆လဆက်တိုက် စုစုပေါင်း 12GB အထိရရှိမှာပါ။ ဇန်နဝါရီ ၂ဝရက်နေ့မှ OPPO F5 RED ကို စတင်ဝယ်ယူကြမယ့်သူတွေအနေနဲ့လည်း Speaker နဲ့ Water Bottle တို့ကို လက်ဆောင်အဖြစ် ရရှိပါမယ်။ OPPO F5 RED က OPPO F5 Gold နဲ့ Black လိုမျိုး အများကြီး မရနိုင်ပါဘူး။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အရေအတွက် ကန့်သတ်ထားလို့ ဦးရာလူကပဲ OPPO F5 RED ကို ဝယ်ယူနိုင်မှာဖြစ်လို့ မြန်မြန်ပြေးဝယ်မှ စိတ်ချရပါလိမ့်မယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top