မကောင်းဆိုးဝါးဘုရင်မကြီးဇာတ်ရုပ်ရဖို့အတွက် တစ်လ ပြင်ဆင်ခဲ့ရတဲ့ ဂယ်ဂဒေါ့

15.8.23-yyl-1.jpg

Wonder Woman ဇာတ်ကောင်အဖြစ် လူသိများတဲ့ အသက် ၃၈ နှစ်အရွယ် မင်းသမီး ဂယ်ဂဒေါ့က စနိုးဝှိုက်နဲ့ လူပုလေး ၇ ယောက် အန်နီးမေးရှင်းဇာတ်ကားကို Live-action အဖြစ် ပြန်လည်ပုံဖော်ထားတဲ့ ဇာတ်ကားမှာ ပဉ္စလက်မှန်ကြီးရှေ့ ထိုင်ပြီး “မှန်ကြီး မှန်ကြီး လောကကြီးမှာ ဘယ်သူအလှဆုံးလဲ” လို့ မေးလေ့ရှိတဲ့ မကောင်းဆိုးဝါးဘုရင်မကြီးအဖြစ် ပါဝင်မှာပါ။ သူဟာ ဒီဇာတ်ကောင်ကို ရဖို့အတွက် အချိန်ယူပြင်ဆင်ခဲ့ရတာပါ။ ဂီတစွမ်းရည်ကို သက်သေပြဖို့လိုအပ်တာကြောင့် ဒီဇာတ်ကောင်အဖြစ် ပါဝင်ရဖို့ အချိန်ယူကြိုးစားခဲ့ရတာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ဂယ်ဂဒေါ့က ဒီအကြောင်းကို အင်တာဗျူးတစ်ခုမှာ ထုတ်ပြောပြခဲ့တာပါ။ ဒီဇာတ်ရုပ်အတွက် Audition ဝင်ရတာ ပထမဆုံးအကြိမ်ပါပဲ။ ဂီတပါဝင်တဲ့ ဇာတ်ကားဖြစ်တဲ့အတွက် သီချင်းဆိုနိုင်ဖို့ လိုပါတယ်။ ဒါ‌ကြောင့် တစ်လလောက် သီချင်းဆိုကျင့်ရတယ်။ ပြီးမှ Audition ဝင်ခဲ့တယ်။ သီချင်းလည်း ရိုက်ခဲ့တယ်။ ဒါက အရမ်းစိတ်လှုပ်ရှားခဲ့ရတယ်လို့ သူက ဆိုပါတယ်။ သူ ရိုက်ခဲ့ဖူးသမျှနဲ့ အရမ်းကွာခြားပြီး သူ့ဇာတ်ကောင်ရဲ့ကောက်ကျစ်မှုကို စိတ်ဝင်စားစရာကောင်းအောင် ဖန်တီးချင်တယ်လို့လည်း ပြောပါတယ်။

ဒီဇာတ်ကားကို ဒါရိုက်တာမာဝပ်ဘ်က ရိုက်ကူးမှာဖြစ်ပြီး စနိုးဝှိုက်အဖြစ် မင်းသမီး ရေချယ်ဇက်ဂလာက ပါဝင်မှာပါ။

Ref: Gal Gadot spent a month preparing for Snow White audition

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top