ရပ်ကွက်တစ်ခုမှာ သူ့ရဲ့ဒုတိယအကြီးဆုံးပန်းချီကားကို ရေးဆွဲခဲ့တဲ့ ပန်းချီဆရာ

14.8.23-yyl-19.jpg

စင်ကာပူနိုင်ငံသားပန်းချီဆရာ ရီယွီချုံဟာ စင်ကာပူနိုင်ငံတစ်ဝှက်မှာ တွေ့ရတဲ့ သူ့ရဲ့အမွေအနှစ်ပန်းချီကားတွေကြောင့် နာမည်ကြီးပါတယ်။ အခုဆို သူဟာ Kampong Glam ရပ်ကွက်မှာ သူ့ရဲ့ဒုတိယအကြီးဆုံးပန်းချီကို ရေးဆွဲပြီးသွားခဲ့ပါပြီ။ အဲဒီပန်းချီကားလက်ရာက 92 Arab Street မှာ တည်ရှိပါတယ်။ အထည်အလိပ်လုပ်ငန်းပိုင်ရှင်ရဲ့ ၃ ထပ်တိုက်အဆောက်အဦးတစ်ဖက်အပြည့်ရေးဆွဲခဲ့တာပါ။ အထည်အလိပ်လုပ်ငန်းပိုင်ရှင်က သူ့ကို ဒီပန်းချီကားရေးဆွဲပေးဖို့ အလုပ်အပ်ခဲ့တာပါ။

ရီယွီချုံက အဲဒီအဆောက်အဦးပေါ်မှာ Kampong Glam ရပ်ကွက်ရဲ့အတိတ်ကအမှတ်တရတွေအပါအဝင် အွန်လိုင်းသုတေသနပြုချက်တွေအပေါ် အခြေခံရေးဆွဲခဲ့တာပါ။ ရောင်စုံစက္ကူလေယာဉ်တွေနဲ့ ကစားနေတဲ့ ကလေးတွေရဲ့ ရောင်စုံပုံရိပ်ပြကွက်တွေ၊ အဆောက်အဦးခေါင်းမိုးကနေ အထည်အလိပ်တွေချိတ်ဆွဲထားတဲ့ပုံတွေအပါအဝင် အနုစိတ်ရေးဆွဲထားပါတယ်။ ဒီပန်းချီကားကို ဇူလိုင် ၁၂ ရက်နေ့မှာ စတင်ရေးဆွဲခဲ့ပြီး ပြီးမြောက်ဖို့ ၂၅ ရက် အချိန်ယူခဲ့ရပါတယ်။ ဒီပန်းချီကားက Kampong Glam မှာ ရီယွီချုံရဲ့ ၇ ခုမြောက်ပန်းချီကားဖြစ်ပါတယ်။

အောက်တိုဘာလကျရင်လည်း စင်ကာပူမှာ အကြီးဆုံးပန်းချီကားကို သူ့ရဲ့လုပ်ဖော်ကို်ငဖက်တစ်ဦးနဲ့အတူ ရေးဆွဲသွားမယ်လို့လည်း စနောက်ပြောထားပါတယ်။ ရီယွီချုံက အလျား ၆၀ မီတာ ပန်းချီကားကိုလည်း ၁ နှစ်ခွဲကြာ အချိန်ယူပြီး ရေးဆွဲခဲ့ပါသေးတယ်။ ဒီအကြောင်းအရာကို အောက်က လင့်ခ်ထဲ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

(၁) နှစ်ခွဲအကြာမှ ပန်းချီဆရာတစ်ဦး အပြီးသတ်ရေးဆွဲပြီးခဲ့တဲ့ အလျား ၆၀ မီတာ ပန်းချီကား

Ref: Artist Yip Yew Chong completes mural at Kampong Glam, his 2nd largest mural so far

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top