ရယ်စရာကကွက်တွေကပြီး ဝင်လာတဲ့ ဘယ်သူကိုမဆို ဓာတ်ငွေ့အခမဲ့ပေးတဲ့ ဓာတ်ငွေ့ဆိုင်

15.5.2023-yyl-3.jpg

ဓာတ်ငွေ့ဆိုင်တစ်ဆိုင်က တစ်ရက်တာ ၅ ဒေါ်လာဖိုး ဓာတ်ငွေ့အခမဲ့ပေးခဲ့ပါတယ်။ ဓာတ်ငွေ့အခမဲ့ရဖို့ဆိုရင် ဆိုင်ထဲကို ရယ်စရာကကွက်တွေ ကပြီးတော့ လမ်းလျှောက်လာရမယ်။ အဲဒီလိုလုပ်ရင် ၅ ဒေါ်လာဖိုးဓာတ်ငွေ့အခမဲ့ရမယ်ဆိုတဲ့ သတိပေးစာကပ်ထားခဲ့ပါတယ်။ ဒါပေမဲ့ ကလိုက်ရုံနဲ့ အခမဲ့ရတာတော့မဟုတ်ပါဘူး။ အခြေအနေတစ်ရပ်တော့ရှိပါတယ်။ ကပြမှုက ဝန်ထမ်းကို စိတ်ပျော်ရွှင်စေရပြီး ကောင်းကောင်းကနိုင်တဲ့သူဆိုရင် ၁၀ ဒေါ်လာဖိုး ဓာတ်ငွေ့အခမဲ့ပေးပါတယ်။

ဓာတ်ငွေ့အခမဲ့ရဖို့ ကြိုးစားနေတဲ့လူတွေရဲ့ဗီဒီယိုကို Reddit ဆိုတဲ့ လူမှုကွန်ယက်အကောင့်တစ်ကောင့်မှာ တင်ရင်းနဲ့ လူသိများလာခဲ့တာပါ။ ဗီဒီယိုထဲမှာ “ဒီနေ့တစ်ရက်တည်း..လမ်းလျှောက်ဝင်လာရင်း ရယ်စရာကကွက်ကပြပါ။ ကျွန်တော်တို့ ကြိုက်ရင် ၅ ဒေါ်လာ ဓာတ်ငွေ့ အခမဲ့ယူ”ဆိုတဲ့ သတိပေးစာကိုလည်း တွေ့ရပါတယ်။ အဲဒီသတိပေးစာအောက်မှာ “ကျွန်တော်တို့ တကယ်ကြိုက်ရင် ၁၀ ဒေါ်လာ”ဆိုတဲ့ လက်ရေးစာတစ်ခု ထပ်ရေးထားပါတယ်။ အရွယ်သုံးပါးမရွေး ဒီအခွင့်အရေးကို လက်လွှတ်မခံဘဲ ကပြီး ဝင်လာတာတွေ့ရပါတယ်။

ဒီဗီဒီယိုမူရင်းတင်တာကတော့ gasstationantics ဆိုတဲ့ TikTok အကောင့်ကပါ။ ဓာတ်ငွေ့ဆိုင်တည်နေရာနဲ့ နာမည်ကိုတော့ မဖော်ပြထားပါဘူး။

ဗီဒီယိုကြည့်ရှုရန်

Ref: Gas station gives free gas to anyone who walks in doing a ‘silly dance’: ‘Free gas if we like it’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top